မောင်ရင်ငတေရဲ့ အီဗရီ ဆူ စဲန်း
{ပြင်သစ်ပြည်မှ နေရာဟောင်းများ (တစ်)}
Dans Cette Maison . . .. . …. ** Van Gogh ** a Vécu de 1886
à 1888 (ဓါတ်ပုံ မရငတ)
အဲသလို ဆိုင်းဘုတ်ကလေးတွေကို ပြင်သစ်နိုင်ငံတလွှားက အိမ်နံရံ
တိုက်နံရံတွေမှာ သတိထားပြီး ကြည့်မယ်ဆိုရင် တွေ့နိုင်ပါတယ်၊
တခြားသောသူတွေက ဒါမျိုးကို စိတ် ဘယ်လောက် ဝင်စားပါသလဲ
ဆိုတာကို မောင်ရင်ငတေ မသိပေမယ့် . … . .. . .
.. မောင်ရင်ငတေကတော့
စိတ်ဝင်စားမိရပါလို့ ရောက်လေရာ ဥရောပတခွင် တောကြိုအုံကြားမကျန် အချိန်ရရင်
ရသလို လိုက်လို့ရှာမိတာကတော့ အမြဲလိုလိုပါ၊
စိတ်ဝင်စားမိရပါလို့ ရောက်လေရာ ဥရောပတခွင် တောကြိုအုံကြားမကျန် အချိန်ရရင်
ရသလို လိုက်လို့ရှာမိတာကတော့ အမြဲလိုလိုပါ၊
ကြိုတင်သိထား ဖတ်ထားတာတွေရှိလို့ တကူးတက သွားကြည့်ခဲ့တာမျိုးတွေ
ရှိခဲ့သလို ကြုံကြိုက်ရင်းရောက်တုန်း တွေ့ခဲ့ရတာတွေလည်း ရှိပါတယ်၊
တချို့ကတော့ သူတို့ ဒေသဆိုင်ရာမှာ နာမည်ကြီးသူများ ရှိသလို တချို့ကျတော့လည်း
ကမ္ဘာအဆင့်မှာက နာမည်ကြီးခဲ့ ကြပါသော်လည်း မောင်ရင်ငတေတို့ ရွှေပြည်တော်ကြီးမှာ
အသိနည်းကြသူများလည်း ရှိပါတယ်၊
အဲသလိုသာ နာမည် ကျော်ကြား ထင်ပေါ်ခဲ့သူများကို သက်ဆိုင်ရာ အဖွဲ့အစည်းများက
သတိတရ အနေနဲ့ မှတ်တမ်းတင် ဂုဏ်ပြု ကြတာမျိုးကို မောင်ရင်ငတေ ကြိုက်နှစ်သက်မိသလို
အထူး စိတ်ဝင်စားမိ ရပါတယ်၊
အဲဒီလို
ဘယ်သူမှလည်း သိပ်မသိသလို ဘာတခုမှ ဟုတ်လောက်မှတ်သားဘွယ်ရာ
မလုပ်ခဲ့ဖူးပါတဲ့ မောင်ရင်ငတေလည်း ကိုယ့်ဖာသာကိုယ်သာ မှတ်တမ်းတင်မှုတွေကို
လုပ်ပါတယ်၊ လုပ်ဖြစ်ပါတယ်၊
မလုပ်ခဲ့ဖူးပါတဲ့ မောင်ရင်ငတေလည်း ကိုယ့်ဖာသာကိုယ်သာ မှတ်တမ်းတင်မှုတွေကို
လုပ်ပါတယ်၊ လုပ်ဖြစ်ပါတယ်၊
ခက်တာက ဘဝမှာ အတည်တကျ ဘာတခုမှမရှိခဲ့ပါတဲ့ မောင်ရင်ငတေ နေထိုင်ဖြတ်သန်း
ခဲ့ဖူးပါတဲ့ နေရာတွေက များပြားလှတာမို့ ပြည်စုံအောင် မှတ်တမ်းတင်ဖို့က မလွယ်တာမို့
ရသလောက်ကိုသာ အဖြစ်သဘော ရေးမိရေးရာရေးထားမိတာလေးတွေကို ဆက်စပ်၍
ရသလောက်သာ ဖြစ်ပါကြောင်း၊
Verdun 2000, Dans Cette Maison ** MaYaNgaTa ** a Vécu de 2005 à
2008 (ဓါတ်ပုံ မရငတ)
မောင်ရင်ငတေ
စတည်းချနေထိုင်ခဲ့ဖူးပါတဲ့ အဲဒီ ဒုတိယကမ္ဘာစစ်လောက်က
ဆောက်လုပ်ခဲ့ပါတယ် ဆိုတဲ့ လေးထပ်တိုက်
အစုတ်ကလေးကတော့ တိုက်အို
တိုက်ဟောင်းစာရင်းမှာ အသွင်းခံခဲ့ရတာက သုံးလေးနှစ်နီးပါး
ရှိခဲ့ပါပြီ၊
ဒီကနေ့ ဈေးသွားဝယ်တော့ အဲဒီတိုက်စုတ်လေးရှေ့ကနေ ဖြတ်လျှောက်သွားခဲ့
ရပါသေးတယ်၊ တံခါးအသေ ချိတ်ပိတ်ထားခံရတာ ကြာပါပြီ၊ အဖျက်တော့ မခံရသေးပါဘူး၊
ဒီတိုက်စုတ်လေးက မောင်ရင်ငတေရဲ့ ပါရီဖြတ်သန်းမှု ဘဝထဲမှာတော့
အရေးပါတဲ့ နေရာတနေရာကနေ ပါဝင်ခဲ့တာပါ၊
ပါရီမြို့ကို ရောက်ရှိ သောင်တင်ခဲ့ပြီးနောက် ပထမဦးဆုံးအကြိမ် အမည်ပေါက်
နေထိုင်ခဲ့ရာ
နေရာပါ၊
အဲဒီ မတိုင်မီက ငါးနှစ်ခန့် ဆယ်နေရာနီးပါးလောက် ဟိုပြေး ဒီကပ်နေခဲ့ရတာ
အဲဒီ မတိုင်မီက ငါးနှစ်ခန့် ဆယ်နေရာနီးပါးလောက် ဟိုပြေး ဒီကပ်နေခဲ့ရတာ
ဒီနေရာလေးကို
ရောက်တော့မှ အတော်လေးကို စိတ်ချမ်းသာခဲ့ရပါတယ်၊
အဆောက်အဦးကတော့ မြင်ကြတဲ့အတိုင်းပါ၊ ဒုတိယထပ် ဘယ်ဘက်
အခန်းလေးက မောင်ရင်ငတေ အခြေစိုက် နေထိုင်ခဲ့တဲ့ အခန်းလေးပါ၊
Verdun 2000 ဆိုတဲ့ ဟော်တယ် လုပ်ငန်း လုပ်ကိုင်စားလို့ မရတော့တဲ့
ဟော်တယ် အခန်းဟောင်းတွေကို မောင်ရင်ငတေလိုကောင်မျိုးတွေကို ငှားစားတာပါ၊
ပြင်သစ်ပြည်မှာ အိမ်ခန်းတခန်း တရားဝင်အမည်ပေါက် ငှားတွေ့ရဖို့က တော်ရုံနဲ့
မလွယ်လှပါဘူး၊ အိမ်ငှားလုပ်ငန်း အေးဂျင့် တွေဆီကနေ တိုက်ရိုက် အမည်ပေါက်ငှားဖို့က
ကြားက အာမခံပေးနိုင်မယ့် ပြင်သစ်လူမျိုး နိုင်ငံသား တယောက်ရှိဖို့ လိုတတ်ပါတယ်၊

မောင်ရင်ငတေလို ပြင်သစ် လူမျိုးတွေနဲ့ အစီးမကပ် မပေါင်းသင်း တတ်ပါတဲ့ သူတယောက်
အဖို့ အိမ်ခန်းတခန်း ငှားတွေ့ရဖို့က ပို ခက်ခဲခဲ့တာ အမှန်ပါ၊ ဒီလို စုတ်တီး စုတ်ပြတ်
အခန်းလေး ရရှိခဲ့တာတောင်မှ ဗီယက်နမ် တယောက်ရဲ့ အခန်းကို တရားမဝင် ငှားနေရာ
ကနေ ကံကောင်းထောက်မပြီး ဆက်စပ်မိလို့ ရခဲ့တာပါ၊
ပုံမှန် အခန်းတခန်း ငှားခက
လူတယောက် လစာရဲ့ သုံးပုံတပုံ ဖြစ်မှသာ ငှားကြတာပါ၊
ဒါပေမယ့် ပြင်သစ်ရဲ့ အနိမ့်ဆုံးလစာ သတ်မှတ်ချက်က အိမ်လခရဲ့ နှစ်ဆသာရှိနေတဲ့
အတွက် သာမန် အလုပ်သမားတယောက် အိမ်ငှားရဖို့ မလွယ်ပါဘူး၊
အတွက် သာမန် အလုပ်သမားတယောက် အိမ်ငှားရဖို့ မလွယ်ပါဘူး၊
Dans Cette Chambre ** MaYaNgaTa ** a Vécu de 2005 à 2008 (ဓါတ်ပုံ မရငတ)
မောင်ရင်ငတေတို့လို
တကောင်ကြွက်သမားတွေရယ် အကူအညီ အထောက်အပံ့ပေးမယ့်
ရုံးတွေသွားဖို့ ဝန်လေးတတ်သူတွေအဖို့တော့ နီးစပ်ရာ ကိုယ်လို ဘဝတူသမားတွေကတဆင့်
ငှားရတာပါ၊
ရုံးတွေသွားဖို့ ဝန်လေးတတ်သူတွေအဖို့တော့ နီးစပ်ရာ ကိုယ်လို ဘဝတူသမားတွေကတဆင့်
ငှားရတာပါ၊
အဲဒီလို အခန်းမျိုးလေးကို ငှားရတာက မလွယ်သလို ပေးရပါတဲ့
လစဉ်အခန်းခကလည်း ပေါက်ဈေး ထက်တောင်မှ ကြီးချင်နေပါသေးတယ်၊
မောင်ရင်ငတေ စငှားတော့ တလကို ယူရိုငွေ ၅၃၀ ပေးခဲ့ရ
တာပါ၊
သုံးနှစ်လောက်နေခဲ့တာမှာ နောက်ဆုံးလမှာ ၅၈၀ ယူရိုထိ ပေးခဲ့ရပါတယ်၊
အဲဒီလို ဈေးကြီး နေရခြင်းကတော့ တခြား အိမ်ငှား အေးဂျင့်တွေမှာ ပြင်သစ်ထုံးစံ အိမ်ငှားရင်
မရှိမဖြစ် ရှိနေရပါမယ့် စာရွက်စာတမ်းဆိုတာတွေ မလိုအပ်ခြင်းကြောင့်ပါ၊
အဲဒီလို ဈေးကြီး နေရခြင်းကတော့ တခြား အိမ်ငှား အေးဂျင့်တွေမှာ ပြင်သစ်ထုံးစံ အိမ်ငှားရင်
မရှိမဖြစ် ရှိနေရပါမယ့် စာရွက်စာတမ်းဆိုတာတွေ မလိုအပ်ခြင်းကြောင့်ပါ၊
တရားဝင် နေထိုင်ခွင့် စာရွက်တရွက်လောက် ရှိ ရင်ကို လက်ခံပြီး စပေါ်ငွေ တလ ပေးနိုင်ရင်
နေလို့ ရပါပြီ၊ လခမှန်မှန် မပေးနိုင်တဲ့သူတွေကို နှင်ချဖို့ ကိုတော့ ပြည်သူ့ရဲ ဆိုတာတွေ
အားကိုးမှာ မဟုတ်ပါဘဲ သူနည်းသူဟန်နဲ့ နှင်ချနိုင်တဲ့ အရည်အချင်း ရှိကြသူတွေပါ၊
ဟော်တယ်မဟုတ်တော့ပါတဲ့
ဟော်တယ်ကိုပိုင်တဲ့ လုပ်ငန်းရှင်က အာဖရိကမြောက်ပိုင်းက
အာရပ်လူမျိုးပါ၊ ငှားနေကြတဲ့သူ အများစုက အာဖရိကန်တွေ အများစုနဲ့ မောင်ရင်ငတေတို့ရဲ့
အိမ်နီးချင်း အာဆီယံနိုင်ငံသား အဟောင်းတွေပါ၊
ပြည်မကြီးကလာကြတဲ့ ပေါက်ဖော်ကြီးတွေအတွက်ကတော့ တရုတ်တန်း တရုတ်
အခန်းတွေမှာ ဒီထက်သက်သာတဲ့ တယောက်စာ ကျောတခင်းကို တရာကျော် ပေး
နေလို့ရတဲ့ အတွက်ကြောင့် မောင်ရင်ငတေတို့လိုနေသူတွေက ရှားပါတယ်၊
အာရပ်နွယ်ဖွားတွေ ဘင်္ဂလားနဲ့ အာရှအနောက်ပိုင်းနွယ်ဖွားတွေ သီရိလင်္ကာ တမူလ်တွေ
ကလည်း စုပေါင်းနေစရာနေရာ တွေများကြသူတွေပါ၊ ဒါကြောင့် သူတို့တတွေကို ဒီလို
နေရာမျိုးမှာ တွေ့ရခဲပါတယ်၊

အခန်းစုတ်တီးစုတ်ပြတ်ကို ဈေးကြီးပေးငှားလို့သာ နေရတာပါ၊ ဟော်တယ်
လုပ်စားလို့ မရပါ တော့တဲ့ အခန်းက သန့်ရှင်းမှု နည်းပါးသလို ကျဉ်းမြောင်းပါသေးတယ်၊
တယောက်အိပ်ကုတင်တလုံး စားပွဲတလုံး ဘီဒိုတလုံးနဲ့ နေရာပိုက နည်းနည်းသာ
ရှိနေပေမယ့်လည်း မောင်ရင်ငတေ့အဖို့ကတော့ နတ်နန်းတခုသဖွယ်သာပါ၊
မီးကတော့ ပြတ်လေ့ မရှိတတ်ပေမယ့် ညဘက်နည်းနည်းမှောင်လာရင် ဟော်တယ်
အနောက် တိုက်အိုတိုက်ပျက်တွေကြားက တွင်းအောင်း သတ္တဝါတွေက ဟော်တယ်ပေါ်
တက်လာပြီး အစာရှာကြပါတော့တယ်၊ ကြွက်ဖြူသေးသေးတွေ အကောင် ခပ်ကြီးကြီး
ပိုးဟတ်တွေ များပါတယ်၊

အခုတော့ မောင်ရင်ငတေ့ နတ်နန်းဟော်တယ်က လွမ်းဖွယ်ရာ ကျန်ရှိနေသေးပေမယ့်
ဘေးနားနောက်နားမှာတော့
ခေတ်မှီအဆောက်အဦးတွေ ဖြစ်လာနေပါပြီ၊
မောင်ရင်ငတေ့အခန်းမှာ ခေတ္တခိုအောင်းခဲ့ဖူးသူတွေ တချို့လည်း အစဉ်ပြေ သွားကြလို့
ဘယ်ရောက်ဘယ်ပေါက် နေပြီလည်းဆိုတာ မသိတော့ပေမယ့် မောင်ရင်ငတေကတော့
နောက် နားခိုရာတွေကို ရှာဖွေရင်း ရှာဖွေရင်းနဲ့ ကံကောင်းတာလားမသိ မူလဒုံရင်းဘဝ
ကပ်ပါးဘဝကို ပြန်လည်လို့ ရောက်ရှိနေကြောင်းပါ ခင်ဗျာ၊

နောက်ထပ်
မောင်ရင်ငတေ နေဖူးခဲ့ပါတဲ့
နေရာဟောင်းတွေကို အလျှင်းသင့်သလို ရေးပါအုံးမယ်၊
နေရာဟောင်းတွေကို အလျှင်းသင့်သလို ရေးပါအုံးမယ်၊
(အီဗရီ
ဆူ စဲန်း . . .. …. Ivry Sur Seine . … . . ..
စဲန်းမြစ်ပေါ်က မြို့ ** အီဗရီ **)
မောင်ရင်ငတေ ၂၁၀၅၂၀၁၅
Aucun commentaire:
Publier un commentaire