Libellés

Archives du blog

dimanche 3 mai 2015

** အမှိုက်ပုံးထဲရောက်သွားသော အချစ်သော့များ ** *


ပါရီပုံရိပ်များ 
အမှိုက်ပုံးထဲရောက်သွားသော အချစ်သော့များ

ရှေးရှေးတုန်းက Passerelle des Arts 1867           (ပန်းချီ Auguste Renoir)

ပါရီမြို့ရဲ့ နာမည်ကျော် စဲန်းမြစ်ပေါ်က လူကူးတံတားဖြစ်တဲ့ (Passerelle des Arts) Pont des Arts တံတား လက်ရမ်းများမှာ ချိတ်ဆွဲထားတဲ့ အချစ်ကြီးသူတွေရဲ့ သော့ခလောက် တချို့တော့  တနင်္ဂနွေနေ့ ၂၀၁၄ ခုနှစ် ဂျွန်လ ရက်နေ့ မနေ့က ဇာတ်သိမ်းခန်းသို့ စတင်၍ ရောက်ရှိသွားပါပြီ၊

ပါရီမြို့ အနုပညာ အကယ်ဒမီကျောင်းရှေ့က ဒီတံတားကို Napoléon I (Napoléon Bonaparte) ပထမမြောက် နပိုလီယံ (၁၇၆၉-၁၈၂၁) ဘုရင်လက်ထက် ၁၈၀၄ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာပါ၊

၁၈၅၂ ခုနှစ်မှာ တကြိမ် ပြန်လည်ပြင်ဆင်ခဲ့ပြီးတော့ ၁၉၈၄ ခုနှစ်မှာ အသစ်ပြန်လည် တည်ဆောက် ခဲ့ပါတယ်၊ ပြင်သစ်သမ္မတဟောင်း Jacques Chirac (၁၉၃၂-…) ပါရီ မြို့တော်ဝန် ဘဝက ဖွင့်လှစ် 
ပေးခဲ့တာ ဖြစ်ပါတယ်၊

ဟိုးအရင်ရှးခေတ်က စာရေးဆရာ ပန်းချီဆရာ ဓါတ်ပုံဆရာတွေ အနုပညာသမားတွေ ကျက်စားလေ့ရှိ ကြတဲ့ အဲဒီတံတားကလေးကို နိုင်ငံတကာက လာရောက်လည်ပတ်ကြသူများ ကြားမှာလည်း တနှစ် ထက်တနှစ် ပိုမို ရေပန်းစားလာပါတယ်၊ ဖလင်ထည့်ရိုက်စရာ မလိုတော့တဲ့ ကင်မရာတွေရဲ့ ခေတ် တယ်လီဖုန်းတွေ တက်ပလက်တွေ ခေတ်စားလာတဲ့ ဒီနေ့ခေတ်မှာ ဓါတ်ပုံရိုက်လိုသူတွေက ဒီတံတား  
ပေါ်မှာ  တနေ့တခြား ပိုမို များပြားလာတာပါ၊

အချစ်သော့များ အခတ်ခံထားရတဲ့ Passerelle des Arts 2014                (ဓါတ်ပုံ မရငတ)

မကြာသေးခင် လေးငါးခြောက်နှစ် အတွင်းမှာတော့ အထူးရေပန်းစားလာကတော့ ဒီသံမဏိတံတား လက် ရမ်း သံဇကာကွက်တွေမှာ သော့ခလောက်ချိတ်တဲ့ ယဉ်ကျေးမှု ထွန်းကားလာတာဖြစ်ပါတယ်၊

မောင်ရင်ငတေတို့ ပါရီမြေကို ရောက်ခါစနှစ်များမှာတုန်းကတော့ ဧည့်သည်လာရင် ဒီတံတားပေါ်မှာ တကူး တက လိုက်ပြစရာ သော့ခလောက်တွေ မရှိသေးပါဘူး၊ အခုကတော့ ဧည့်သည်တွေ လာရင် လိုက်ပြရမယ့် အရေးကြီးနေရာ စာရင်းထဲမှာ တစတစ ဝင်လို့ လာနေပါပြီ၊

မနေ့က တနင်္ဂနွေနေ့ ၂၀၁၄ ခုနှစ် ဂျွန်လ ၆ ရက်နေ့မှာ အဲဒီ တံတားလက်ရမ်းမှာ ချိတ်ဆွဲထားတဲ့ သော့ ခလောက်တွရဲ့ အလေးချိန်ဝန်ကို မခံနိုင်တော့လို့ အကန့်တကန့် ပြုတ်ထွက်ကျိုးပြတ်သွားခဲ့ ပါတယ်၊ 

အဲဒါလို ပြုတ်ထွက်သွားတဲ့ သော့ခလောက်တွေကို ပါရီမြို့တော်ရဲ့ စည်ပင်သာယာဋ္ဌာနက လာရောက် သိမ်းဆည်းသွားခဲ့ပါတယ်၊

တံတားလက်ရမ်းတွေက သော့ခလောက်တွေအားလုံး ဖြုတ်သိမ်းသွားတာတော့ မဟုတ်သေးပါဘူး၊ ပြို ပျက်သွားတဲ့နရာကသော့တွေကိုသာ စည်ပင်သာယာက လာရောက်အမှိုက်သိမ်းသွားတာပါတဲ့၊

သာ့ခလောက်တွေအားလုံးကို ဖြုတ်ပစ်ဖို့ကတော့ ပါရီမြို့တော်ဝန်မကြီးက အမိန့်မပေးသေးပါဘူး၊

အမိန့်တခုချဖို့ရာ အစည်းအဝေးတွေ အထပ်ထပ်ထိုင်ပြီး အများသဘောတူမှ ဆုံးဖြတ်ချက် ချနိုင်မှာ
ဆိုတော့ကာ (ပြင်သစ်ရဲ့ ကြိုးနီးစနစ်အရ) အချိန်အတန်ငယ် ကြာနိုင်ပါသေးတယ်၊

ဘယ်လိုဘဲဖြစ်ဖြစ် ခရီးသွားသူများနဲ့ စီးပွားရေး တွက်ခြေကိုက်နေတဲ့ ပါရီမြို့တော်ကြီးရဲ့ ခရီးသွား ဧည့် သည်များ အထူးစိတ်ဝင်စားရာ သော့ခလောက်ချိတ် ယဉ်ကျေးမှုကိုတော့  လွယ်လွယ်ကူကူနဲ့ ဖျက်သိမ်း ပစ်ဖို့ ပါရီမြို့ကို အုပ်ချုပ်နေသူများ စဉ်းစားမှာတော့ မဟုတ်ပါဘူး၊

သတင်းထောက်တွေ အလုပ်ရှုတ်တဲ့နေ့      (ဓါတ်ပုံ မရငတ)

ဒီအတောအတွင်းမှာ အဲဒီသော့ခလောက်များကို ဓါတ်ပုံရိုက် မှတ်တမ်းတင်ချင်သူများကတော့ ပိုပြီး များပြားလာမှာ အသေအချာပါဘဲ၊ 

ဒီကနေ့ အဲဒီတံတား ရှိရာကို မောင်ရင်ငတေ ရောက်သွားတော့ နေသာတဲ့နေ့လည်း ဖြစ်တာကတကြောင်း လူတော်တော်စည်ပါတယ်၊ သတင်းဋ္ဌာနတွေက သတင်း လာယူသူများ မှတ်တမ်းလာတင်သူများကိုလည်း
 တွေ့ရပါတယ်၊

အကယ်၍သာ ဒီသော့တွေကို အကုန်ဖြုတ်ပစ်လိုက်မယ်ဆိုရင်တော့ ဒီတံတားကို လာလည်သူတွေ
 လျော့သွားမလား ဒါမှမဟုတ် ပိုလို့ ပိုလို့သာ သော့တွေ မရှိတော့တာကို မှတ်တမ်းတင်သူ များလို့ လာလေမလား မပြောနိုင်ပါဘူး၊

မောင်ရင်ငတေရဲ့အမြင်အရ သော့ခလောက်တွေကို ဖြုတ်ပစ်လိုက်ဖို့ ကောင်းနေပါပြီ၊ ဖြုတ်လည်း ဖြုတ်ပစ်သင့်ပါပြီ၊ တံတားရဲ့ခံနိုင်ရည် ဝန်နဲ့အား မမျှသလောက် ဖြစ်နေပါပြီ၊သာ့ခလောက်တွေရဲ့ စုစုပေါင်းအလေးချိန်က တန်တရာကျော်နေပါပြီတဲ့၊ 

ထုံးစံအတိုင်း သော့ခလောက်တွေ ဖြုတ်ပစ်ရေး လှုပ်ရှားသူတွေရယ် သော့ခလောက်တွေ မဖြုတ်ပစ်ဘဲ ဒီအတိုင်းထားရေး လှုပ်ရှားသူတွေရဲ့ ဝေဖန် လေကန် ငြင်းခုန်သံတွေကတော့ ပို၍ ပို၍ ညံလာတာကို
 တွေ့ရပါတယ် ခင်ဗျား၊

သတင်းထောက်တွေ အလုပ်ရှုတ်တဲ့နေ့        (ဓါတ်ပုံ မရငတ)

သတင်းထောက်တွေ အလုပ်ရှုတ်တဲ့နေ့                      (ဓါတ်ပုံ မရငတ)

« Cadenas d'amour »                       (ဓါတ်ပုံ မရငတ)

အဲဒီလောက်များတဲ့ သော့ခလောက်တွေ တံတားလက်ရမ်းတွေမှာ နောက်တခါ ပြန်ပြည့်ဖို့ကတော့ သုံးလေးနှစ်လောက် စောင့်ရလိမ့်မယ်လို့ ထင်ပါတယ်၊ 

ဒါပေမယ့် သော့ခလောက်တွေ မရှိတော့လို့ ဟာလာဟင်းလင်း ဖြစ်သွားပြီး အလှပျက်သွားမယ့် တံတား လက်ရမ်းတွေကို မကြည့်ရက်သူများက အရင်က အချစ်သော့ခတ်သူများ အရေအတွက်ထက် နှစ်ဆသုံးဆ မက ပိုမိုပြီး တိုးပွားလာရင်တော့ နောက်တနှစ် မပြည့်ခင်မှာဘဲ သော့ခလောက်တွေ ပြန်ပြည့် သွားနိုင် 
ကြာင်းပါ ခင်ဗျာ၊

အဲဒီလိုသာ သော့တွေ ခတ်လိုက်ပြည့်လိုက်ဖြုတ်လိုက်နဲ့ သော့သံသရာလည်နေမယ် ဆိုခဲ့ရင်တော့
မာင်ရင်ငတေလည်း ရွှေပြည်တော်သို့ ခါတော်မှီ ပြန်တော်မူပြီး သော့ခလောက် စက်ရုံကလေးကို သွားပြီး 
ထာင်ရင် ကောင်းမလား ပါရီမှာဘဲ ဆက်နေပြီးတော့ စဲန်းမြစ်နဘေးမှာ သော့ခလောက် အရောင်း ဆိုင်လေး ဖွင့်စားရင် ကောင်းမလား စဉ်းစားရတော့မယ့် ကိန်းဆိုက်လို့နေပါပြီ၊ တနေ့ ခရိုဏီ မောင်ရင် 
မစ်ကီငတေ ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ နော်၊



https://www.facebook.com/micky.naing/media_set?set=a.816371151709347.1073741873.


အချစ်သော့တံတားနဲ့ ပတ်သက်တာတွေ ထပ်သိချင်ရင်တော့


Voici la preuve que l'amour n'est pas éternel !!!  (Sathit Khreuanarong) (ဓါတ်ပုံ ဂူဂဲလ်)

သူရဲ့ အချစ်သော့လေးလည်း ပါသွားလေမလား ဆိုပြီးတော့ နှမျောသတစွာနဲ့ ကြည့်နေတဲ့ စည်ပင် လုပ်သားကြီး                           (ဓါတ်ပုံ ဂူဂဲလ်)       


အမှိုက်ပုံးထဲရောက်သွားသော အချစ်သော့များ  .. .. နောက်ဆက်တွဲများ (တစ်) ၁၃၀၈၂၀၁၄  

၁၃ ရက် သြဂတ်စ် ၂၀၁၄ Cadenas d’amour (Passerelle des Arts)          (ဓါတ်ပုံ မရငတ)

လွန်ခဲ့တဲ့ နှစ်လလောက်က ရှုခင်းသစ်အွန်လိုင်းမဂ္ဂဇင်းမှာ ပြင်သစ်ပြည် ပါရီမြို့လယ် Cadenas d’amour
 ခေါ် စဲန်းမြစ်ပေါ်က လူကူးတံတားဖြစ်တဲ့ Passerelle des Arts တံတားလက်ရမ်းများမှာ ချိတ်ဆွဲထားတဲ့ အချစ်ကြီးသူတွေရဲ့ သော့ခလောက်တွေအကြောင်း မောင်ရင်ငတေ ရေးခဲ့ပါတယ်၊

(အကျယ်ဖတ်ချင်ပါက ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်)

၁၃ ရက် သြဂတ်စ် ၂၀၁၄            (ဓါတ်ပုံ မရငတ)

အဲဒီလို အမှိုက်ပုံးထဲရောက်သွားသော အချစ်သော့များ ရှိရာသို့ ပါရီမြို့ကို ခေတ္တရောက်ရှိနေတဲ့ ပန်းပုဆရာ တယောက်ကို လိုက်ပို့ပေးရင်း မောင်ရင်ငတေ မနေ့က (၁၃-၀၈-၂၀၁၄) ထပ်မံရောက်ရှိခဲ့ပါတယ်၊

တွေ့ရတာကတော့ အခြေအနေ မကောင်းတော့ပါဘူး၊ အချစ်သော့တံတားမှာ ဒဏ်ရာဒဏ်ချက်တွေက ဗလပွ ဖြစ်နေပါပြီ၊ တံတားလက်ရမ်းတွေမှာ အပေါက်အပြဲတွေ အဖာအထေးတွေနဲ့ မြင်ရတာ စိတ်မချမ်းမြေ့ စရာပါ၊

ဒီလို လက်ရမ်းသံဇကာကွက်တွေမှာ သော့ခလောက်ချိတ်တဲ့ ယဉ်ကျေးမှု ထွန်းကားလာတာ နှစ်များစွာ 
မကြာသေးပါဘူး၊ ဥရောပမြို့ကြီးတွေက သော့ခလောက်တံတားတွေထဲမှာ ဒီတံတားက သော့ခလောက် အများဆုံးနဲ့ လူ လာအများဆုံး အလှပဆုံး ဖြစ်မယ် ထင်ပါတယ်၊

၁၃ ရက် သြဂတ်စ် ၂၀၁၄             (ဓါတ်ပုံ မရငတ)

တံတားရဲ့ ခံနိုင်ရည် စွမ်းအားက ဘယ်လောက်ရှိတယ် မသိပေမယ့် တံတားလက်ရမ်းတွေကတော့ ခံနိုင်ရည် စွမ်းအားထက် သော့ခလောက်တွေရဲ့ အလေးချိန်က ကျော်လွန်သွားခဲ့ပါပြီ၊ ပါရီ စဲန်းမြစ်လယ်က 
အလှပဆုံးအရာ တခုကတော့ ပျောက်ကွယ်ရတော့မယ် ထင်ပါတယ်၊

နှစ်လလောက် ကာလအတွင်းမှာ ဒီလောက် လက်ရမ်းတွေ ပြုတ်ပျက်ကုန်တာက အမှန်တကယ်ဘဲ
တံတားလက်ရမ်း သံဇကာကွက်တွေက မခံနိုင်တော့လို့ ပြုတ်ထွက်ကုန်တာလား၊

သို့တည်းမဟုတ် ညဘက် ညဘက်မှာ သောင်းကြမ်းတတ်ကြတဲ့ လူငယ်တွေရဲ့ (လူကြီးတွေလည်း ပါပါတယ်) လက်ချက်ကြောင့်လား၊ သို့တည်းမဟုတ် သော့ခလောက်တွေ ဖြုတ်ပစ်ရေး လှုပ်ရှားသူတွေရဲ့ လက်ချက်ကြောင့်လား၊

ဘယ်လိုဖြစ်ဖြစ် မကြာခင်မှာတော့ ပါရီမြို့လယ်ခေါင်က ချစ်သူများရဲ့သော့တံတားကို သော့မပါတဲ့ တံတားတခုအဖြစ် သော့များကို လွမ်းချင်းအားဖြင့် သွားရောက်ပြီး မှတ်တမ်းတင်ကြမယ့် သူတွေထဲမှာတော့
 မောင်ရင်ငတေတယောက်လည်း အပါအဝင် ဖြစ်လာမှာ အသေအချာပါ၊

မောင်ရင်ငတေ ၁၃၀၈၂၀၁၄


အမှိုက်ပုံးထဲရောက်သွားသော အချစ်သော့များ  .. .. နောက်ဆက်တွဲများ (နှစ်) ၀၄၀၅၂၀၁၅

၎ ရက် မေလ ၂၀၁၅    (ဓါတ်ပုံ မရငတ)

ဒီကနေ့ နေ့လည်က မောင်ရင်ငတေ ထပ်မံရောက်ခဲ့တွေ့ခဲ့တဲ့ သော့တံတားရဲ့ အခြေအနေပါ၊ ရရာနရာလွတ်တွေမှာ သော့တွေ လာခတ်နေသူ စုံတွဲတွေကိုလည်း တွေ့ရနေဆဲပါ၊

သော့မခတ်အောင် ကာရံထားတဲ့ သစ်သားပြားတွေပေါ်မှာတော့ ပန်းချီဆွဲထားတာတွေ စာရေး လက်မှတ်ရေး မှတ်တမ်းတင်ထားတာတွေနဲ့ ပြည်နှက်နေပါပြီ၊

နနည်းနည်းပူပြီး ကောင်းကင်ကြည်လင်နေလို့ ထင်ပါရဲ့ ပန်းချီရေးဆွဲနေတာတွေကိုလည်း
 တွေ့မြင်ရကြောင်းပါ၊

မောင်ရင်ငတေ ၀၄၀၅၂၀၁၅


အမှိုက်ပုံးထဲရောက်သွားသော အချစ်သော့များ  .. .. နောက်ဆက်တွဲများ (သုံး) ၀၃၀၆၂၀၁၅ 

၃ ရက် ဂျွန်လ ၂၀၁၅        (ဓါတ်ပုံ မရငတ)

အချ စ် သော့ လေး တွေ ရဲ့ နောက်ဆုံး နိဂုံး စီမံချက်ကို . .. . ....... ... . . .. .... ပါဝင် နေရပါတဲ့  လုံခြုံရေး တာဝန်မှူးကြီးကလည်း . . . .. . .. .. .. . .... .. ..
. .... .. .... ငါး ဆယ့် လေး တန် သော . .. . .. . . သော့ ခလောက်တွေ ထဲမှာ . . .... ... ... .... ... ...
.... သူ့ရဲ့ ချ စ် သော သော့ လေးလည်း ပါဝင်နေပါလို့ . . . . .... 

စိတ်မကောင်းခြင်း များ စွာ နဲ့ ပါတဲ့  ခင် ဗျာ . . .. .... မနေ့က (မရငတ) ရဲ့ လိတ်တက်စ် အင်တာ ဗျူး ပါ . . . . . . . .. . . ....

 ၃ ရက် ဂျွန်လ ၂၀၁၅      (ဓါတ်ပုံ မရငတ) 

အဲလို နိဂုံးချု ပ် ဖို့ ဆုံးဖြတ်ချ က် ချ တာ တ နှစ် ကြာ ခဲ့ပါ တယ် . ....  ..... အဲဒါ ပြင်သစ် ရဲ့ ထုံးစံ လို့ ပြော ရ ပါ မယ် . . ..... အချ စ်သော့ ချ စ် သူ များ နဲ့  အချ စ်သော့  ဆန့်ကျင်သူများရဲ့ တိုက်ပွဲ ပေါ့ ...... 

 နောက်ဆုံးတော့  ...... တံတားရဲ့ ခံနိုင်ဝန်ထက် ကျော်လွန် သွားခဲ့ရတာက လာကြည့်ကြတဲ့ လူတွေအတွက် အန္တရာယ် ရှိတယ်ဆိုတာကြောင့် အချ စ်သော့  ချ စ် သူ များ ဘက်က အရှုံးပေး ခဲ့ရပါတယ် . . . ...... . ..  .. . ... 

ဘာဘဲဖြစ်ဖြစ် *** အချ စ်သော့  ချ စ် သူ များ ****** ကတော့  အနိုင်မခံ အရှုံးမပေးကြပါဘူး . . ....... အဲဒီ Pont des Arts နဲ့ ကပ်ရက်က တံတား Pont Neuf ရဲ့ တံတားလက်ရမ်းတွေ ရှိရာကို ပြောင်းရွှေ့သွားနေကြပါပြီ . . ... . ......... 

မကြာခင်မှာ Pont Neuf ရဲ့ *** အချ စ်သော့  ချ စ် သူ များ ****** ရဲ့ *** အချ စ်သော့ *** များ အကြောင်းကို တင်ဆက် ပေးပါ မယ် . . ...... (မရငတ)

 မောင်ရင်ငတေ ၀၃၀၆၂၀၁၅


အမှိုက်ပုံးထဲရောက်သွားသော အချစ်သော့များ  .. .. နောက်ဆက်တွဲများ (လေး) ၂၆၀၆၂၀၁၅

၂၆ ရက် ဂျွန်လ ၂၀၁၅      (ဓါတ်ပုံ မရငတ)

တခါတုန်းက အချစ်သော့များနဲ့ လှပတင့်တယ်ခဲ့ပါတဲ့ ဒီ စဲန်းမြစ်ကူး တံတားလေးကတော့ ဒီကနေ့မှာတော့ အခုလို ဂတုံးတံတား အဖြစ် ပြောင်းလဲလို့ သွားခဲ့ပါပြီ၊ ဒီလို ဂတုံးတံတားအဖြစ် ပြောင်းလဲသွားမှုကို ပန်းချီဆရာ တယောက် မှတ်တမ်းလာတင် နေတာကို ဒီကနေ့ တွေ့ရှိခဲ့တာပါ၊

 ၂၆ ရက် ဂျွန်လ ၂၀၁၅      (ဓါတ်ပုံ မရငတ)

 ၂၆ ရက် ဂျွန်လ ၂၀၁၅      (ဓါတ်ပုံ မရငတ)

အမှိုက်ပုံးထဲရောက်သွားသော အချစ်သော့များ ********* * **** * ** အမှန်တကယ် နိဂုံး ချု ပ် သွားရှာပါပြီ၊ 

ဘဝအသစ်နဲ့ ပြန်လည်စတင်မယ်လို့ ပါရီမြို့တော်ဝန်မကြီးနဲ့ သူမရဲ့ အဖွဲ့သားများကတော့
 ပြောဆိုနေပါတယ်၊ 

ပါရီချစ်သူများ အချစ်သော့များကို လွမ်းဆွတ်နာကျနေသော သူများအတွက်ကိုတော့ ဘယ်လောက်ထိများ နှစ်သိမ့်နိုင်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရပါလိမ့်မယ်၊

 မောင်ရင်ငတေ ၂၆၀၆၂၀၁၅


အမှိုက်ပုံးထဲရောက်သွားသော အချစ်သော့များ  .. .. နောက်ဆက်တွဲများ (ငါး) ၁၁၁၀၂၀၁၅

၁၁ ရက် အောက်တိုဘာ ၂၀၁၅         (ဓါတ်ပုံ မရငတ)


၁၁ ရက် အောက်တိုဘာ ၂၀၁၅ Pont Neuf သို့မဟုတ် အချစ်သော့များရဲ့ နေရာအသစ် (ဓါတ်ပုံ မရငတ)              
၂၀၁၄ ခုနှစ် ဂျွန်လ ၆ ရက်နေ့က ဇာတ်သိမ်းခန်းသို့ စတင်ရောက်ရှိသွားခဲ့ပါတဲ့ ပါရီမြို့ရဲ့ . .. … ….

နာမည်ကျော် စဲန်းမြစ်ပေါ်ကလူကူးတံတားဖြစ်တဲ့ Passerelle des Arts သို့မဟုတ် Pont des Arts တံတားလက်ရမ်းမှာ ချိတ်ဆွဲထားခဲ့ကြတဲ့ များပြားလှစွာသော အချစ်ကြီးသူတွေရဲ့ သော့ခလောက် ဇာတ်လမ်း နောက်ဆက်တွဲတွေကို မောင်ရင်ငတေ ရောက်ဖြစ်ခဲ့တဲ့ အခါတိုင်းမှာ မှတ်တမ်းတင်ပြီး ဆက်လက်ရေးသားခဲ့ပါတယ်၊

*** ** *** ဘယ်လိုဖြစ်ဖြစ် မကြာခင်မှာတော့ ပါရီမြို့လယ်ခေါင်က ချစ်သူများရဲ့သော့တံတားကို သော့မပါတဲ့ တံတားတခုအဖြစ် သော့များကို လွမ်းချင်းအားဖြင့် သွားရောက်ပြီး မှတ်တမ်းတင်ကြ မယ့်သူတွေထဲမှာတော့ မောင်ရင်ငတေတယောက်လည်း အပါအဝင် ဖြစ်လာမှာ အသေအချာပါ၊** 

၁၃ ရက် ၀၈ လပိုင်း ၂၀၁၄ ခုနှစ်က မောင်ရင်ငတေ အဲသလို ရေးသားထားမိတဲ့အတိုင်း  . . ………
၂၆ ရက် ဂျွန်လ ၂၀၁၅ ခုနှစ်မှာတော့ Pont des Arts တံတားပေါ်က အချစ်သော့များ ****** * **** * ** အမှန်တကယ် နိဂုံးချုပ် သွားခဲ့ပါပြီ၊

ဒါပေမယ့် ပါရီမြို့ကို ရောက်လာကြတဲ့ အချစ်ကြီးသူများကတော့ ဒီအတိုင်း မနေပါဘူး၊ 

ရှာဖွေလေ တွေ့ရှိလေ ဆိုတဲ့အတိုင်း အဲဒီအချစ်တံတားဟောင်းကနေ လှမ်းမြင်နေရပါတဲ့ ကပ်လျှက်က တံတား Pont Neuf သို့မဟုတ် အချစ်သော့များရဲ့ နေရာအသစ်ကို ချက်ချင်းဆိုသလိုကို အကောင်အထည် ဖော်လိုက်ကြပါတယ်၊ 

ဘယ်သူဘယ်သူကိုမှ တိုင်ပင်နေစရာ အစည်းအဝေး ခေါ်နေစရာ မလိုအပ်ပါ ဘူး၊ တက်ညီလက်ညီနဲ့ ကိုယ်ထူကိုယ်ထ အကောင်အထည်ဖော်လိုက်ကြတာ ခုဆိုရင် တော်တော် စည်ကားနေပါပြီ၊

၁၁ ရက် အောက်တိုဘာ ၂၀၁၅            (ဓါတ်ပုံ မရငတ)

အချစ်သော့များရဲ့ နေရာအသစ် Pont Neuf ဆိုတဲ့တံတားကလည်း သမိုင်းမသေးလှပါဘူး၊ အဲဒီလို
"New Bridge" အမည်တွင်ခဲ့ရတာကလည်း သဘာဝကျောက်တုံးများကို ခေတ်သစ်ပန်းရန်ပညာနဲ့ တည်ဆောက်ခဲ့တာကြောင့်ပါ၊ ပါရီမြို့တော် စဲန်းမြစ်ဖြတ် တံတားတွေထဲမှာ ပထမဦးဆုံး ကျောက်စီ တံတားဖြစ်ပြီး ၁၅၇၈ ခုနှစ်က စတင်တည်ဆောက်ခဲ့တာ ၁၆၀၇ ခုနှစ်မှာ လက်စသတ်နိုင်ခဲ့ပါတယ်၊

အောက်တိုဘာ ၁၁ ရက် ၂၀၁၅ ခုနှစ်က မောင်ရင်ငတေ အဲဒီ တံတားသစ်ပေါ် ဖြတ်သန်းသွားခဲ့စဉ် မှတ်တမ်းတင်ခဲ့တာပါ၊ ကျောက်စီတံတားမို့လို့ တံတားရဲ့လက်ရမ်းတွေမှာက သော့ချိတ်စရာ နေရာ မရှိပါဘူး၊ အဲဒီ Pont Neuf တံတားက စဲန်းမြစ်လယ် Île de la Cité ကျွန်းပေါ်ကိုဖြတ်သန်းပြီးတော့ တည်ဆောက်ထားတာကြောင့် နှစ်ပိုင်းဖြစ်နေပြီး တံတားနှစ်စင်းလို ဖြစ်နေတာပါ၊

အချစ်သော့များအတွက် ကံကောင်းချင်တော့ တံတား အလယ်မှာ Henri IV ဘုရင် မြင်းစီးကြေးရုပ် တည်ရှိရာ La Place du Pont-Neuf ကွက်လပ်လေးမှာ သံဇကာပတ်လည်ကာရံထားတဲ့ နားခိုစရာ
နေရာတခု ရှိနေတာပါ၊ အဲဒီ နေရာလေးက အချစ်သော့များအတွက် နေရာသစ် ဖြစ်လာတာပါ၊

အခုနေမတော့ နေရာလွတ်များစွာ ရှိနေသေးပေမယ့်လည်း ကမ္ဘာ အရပ်ရပ်က မြောက်များစွာသော ရူးသွပ်သူများ ရောက်လာမစဲ သဲသဲကြောင့် နောင်သိပ်မကြာခင် ပြည့်သွားလိမ့်မယ် ဆိုတာကိုတော့ မယုံမရှိကြပါနဲ့ ခင်ဗျား၊

မောင်ရင်ငတေ ၁၁၁၀၂၀၁၅


မောင်ရင်ငတေ ၁၁၁၀၂၀၁၅



အမှိုက်ပုံးထဲရောက်သွားသော အချစ်သော့များ ... .. နောက်ဆက်တွဲများ (ခြောက်)
သို့မဟုတ် ပြန်လည် ရှင်သန်လာလေသော အချစ်သော့ တံတားဟောင်း ၀၃၀၆၂၀၁၆

၃ ရက် ဂျွန် ၂၀၁၆ အချစ်သော့ တံတားဟောင်း Pont des Arts               (ဓါတ်ပုံ မရငတ)    

၃ ရက် ဂျွန် ၂၀၁၆ ဒီကနေ့ရောက်ခဲ့တဲ့ ဇာတ်သိမ်းသွားပြီဖြစ်တဲ့ အချစ်သော့ တံတားဟောင်း Pont des Arts နဲ့ အချစ်သော့တံတားသစ် Pont Neuf (New Bridge) တို့အကြောင်း နောက်ဆက်တွဲပါ၊

ဒီ Pont des Arts လူကူးတံတားလေးက အချစ်သော့ လာခတ်ကြသူများကြောင့် သက္ကရာဇ် ၂၀၁၁ ခုနှစ်
 နောက်ပိုင်းကာလများမှာ နာမည် စတင်ကြီးလို့ လာခဲ့ပါတယ်၊ ၂၀၁၄ ခုနှစ်လယ်မှာတော့ အဲဒီ သော့များ ဟာ အမှိုက်ပုံးထဲသို့ ရောက်ချင်းမလှရောက်လို့ သွားခဲ့ရပါတော့တယ်၊

အဲဒီဇာတ်လမ်း အမှိုက်ပုံးထဲရောက်သွားသော အချစ်သော့များ ** * ရဲ့ ဇာတ်လမ်း ဇာတ်သိမ်းခန်း စတင်ခဲ့ တာက လွန်ခဲ့သော ၂၀၁၄ ခုနှစ် ဂျွန်လ ၆ ရက် တနင်္ဂနွေနေ့ ပါ၊

အဲဒီတံတား Passerelle des Arts သို့မဟုတ် Pont des Arts ဆိုတဲ့ ပါရီမြို့လယ် စဲန်းမြစ်ရဲ့ လူကူး တံတား ဟာ သူ့တံတားလက်ရမ်းများမှာ အချစ်ကြီးသူတွေရဲ့ ရောင်စုံဆိုဒ်စုံ သော့ခလောက်ပေါင်းစုံ ချိတ်ဆွဲခံခဲ့ရပြီး 
နာက် ကမ္ဘာတလွှား ခရီးသွားတွေကြားမှာ နာမည်ကြီးလာခဲ့တာပါ၊

လာမယ့် တနင်္လာနေ့ဆိုရင် ဒုတိယ နှစ်ပတ်လည်တိုင် လာခဲ့ပါပြီ၊ အဲဒီလို နှစ်ဆယ့်လေးလတာ ကာလ အတွင်းမှာ မောင်ရင်ငတေ ရောက်တိုင်း ရောက်တိုင်းလိုလိုမှာ ထူးခြားတာလေးတွေ တွေ့မိရင် မှတ်တမ်း တင်ခဲ့မိပါတယ်၊

၃ ရက် ဂျွန် ၂၀၁၆ အချစ်သော့ တံတားသစ် Pont Neuf (New Bridge)   (ဓါတ်ပုံ မရငတ)    

အမှိုက်ပုံးထဲရောက်သွားသော အချစ်သော့များနဲ့  အချစ်သော့များရဲ့ တံတားအကြောင်းကို ….. …. …. …... နောက်ဆက်တွဲများအဖြစ် ၁၃ ရက် သြဂတ်စ် ၂၀၁၄ ကနေစပြီး တို့တိတို့တိ ရေးနေခဲ့တာ အချစ်သော့ များရဲ့ နရာအသစ် Pont Neuf တံတား အကြောင်းကိုတော့ ၁၁ ရက် အောက်တိုဘာ ၂၀၁၅ မှာ
 နောက်ဆက်တွဲများ အပိုင်း (ငါး) အဖြစ် နောက်ဆုံး ရေးဖြစ်ခဲ့ပါတယ်၊

အဲဒီ စာမျက်နှာတွေမှာ ဆက်စပ် ဖတ်နိုင်ပါတယ် ခင်ဗျား၊ ဖတ်ရှုချင်ကြသူများ အတွက်ပါ၊

အဲဒီ နောက်ပိုင်းမှာတော့ အဲဒီ အချစ်သော့တံတားနှစ်စင်းရှိရာကို ရောက်ဖြစ်ပေမယ့်လည်း သိပ်ထူး ခြားမှုမရှိတာကြောင့် မှတ်တမ်းတင်ပုံတချို့ကို ရိုက်ကူးဖြစ်ပေမယ့် စိတ်ဝင်စားဖွယ်ရာက သိပ်မရှိလို့ ဘယ် စာမျက်နှာပေါ်မှာမှ မတင်ဖြစ်ခဲ့တာ ခြောက်လကျော်လောက် ရှိပါပြီ၊ 

အဲသလိုနဲ့ နေလာခဲ့တာ ဒီကနေ့ ၃ ရက် ဂျွန် ၂၀၁၆ မှာတော့ ပါရီမြို့ထဲကို ကိစ္စတခုနဲ့ သွားရင်း 
စဲန်းမြစ်ရေလျှံနေတာလည်း သွားကြည့်ရင်း အဲဒီ တံတား နှစ်စင်းပေါ်ကို ဖြတ်လျှောက်ခဲ့တာပါ၊ 

အဲဒီ တံတား နှစ်စင်းဟာ ပါရီမြို့ ခါးလယ်ခေါင်အကျဆုံးနေရာမှာ ယှဉ်တွဲလျှက်တည်ရှိပြီး 
လမ်းလျှောက်သွားမယ်ဆိုရင်လည်း ဘာမှမဝေးလှပါဘူး၊ 

ရာသီဥတုသာယာနေချိန်မှာတော့ လေညှင်းခံသူလမ်းလျှောက်သူ အေးအေးလူလူနဲ့ တယောက်တည်း
 နှစ်ယောက်တည်း သို့တည်းမဟုတ် အုပ်စုလိုက် ချိန်းဆိုထိုင်ကြရင်း သောက်ကြ စားကြရင်း စကားပြောဆို
 ငြင်းခုံကြသူများ များပြားလှတဲ့ နေရာပါ၊

အချစ်သော့များရဲ့ နေရာအသစ်            (ဓါတ်ပုံ မရငတ)   

အဲဒီလိုနဲ့ အချစ်ကြီးသူများဟာ ပြောင်းချိတ်လို့ရတဲ့ နေရာတွေမှာ သူတို့ရဲ့ အချစ်သင်္ကေတတွေ အ ဖြစ်
 ပြောင်းချိတ်လာလိုက်ကြတာ . . . .. . ……. သိပ်မကြာလိုက်ပါဘူး . . . . . . . . …. .. . . …….
အချစ်သော့ တံတားသစ် Pont Neuf ရဲ့ သော့ချိတ်လို့ရတဲ့ နေရာတွေမှာလည်း နေရာလွတ်တွေက သိပ်မကျန်တော့ပါဘူး၊ 

လူတွေသတိထားမိနိုင်တဲ့ မြင်ကွင်းလှတဲ့ လမ်းရမ်းဘက်ကျတဲ့ အခြမ်းမှာက တော့ သော့တွေ 
 ပည့်ကျပ်နေရုံမျှမက လက်ရမ်းသံဇကာတချို့မှာ ပေါက်ပြဲပျက်စီးမှုတွေ စနေပါပြီ၊ 

သက်ဆိုင်ရာ စည်ပင်ဋ္ဌာနကလည်း သူတို့ရဲ့ လုပ်နေကြ ထုံးစံအတိုင်း ပေါက်ပြဲနေတဲ့ နေရာတွေမှာ
သော့တွေ အလွယ်တကူ ထပ်ပြီးခတ်လို့မရအောင် သံပြားစိမ်းတွေ လာထောင်လို့ ကာထားကြပါပြီ၊ 

ဤနေရာတွင် သော့မခတ်ရ၊ တွေ့ရှိပါက ပြင်းထန်စွာ အရေးယူမည်၊ ဒဏ်ငွေ ဘယ်၍ဘယ်မျှ စာမျိုး တွေတော့ လာကပ်ထားတာ မတွေ့ရပါဘူး၊

ဒီအတိုင်းဆိုရင် သူလည်း သိပ်ကြာကြာ ခံမယ် မထင်တော့ပါဘူး၊ သွားကြရတော့မယ် ထင်ပါတယ်၊ 

အဲဒီလက်ရမ်းသံဇကာတွေကလည်း သော့ခလောက်တွေရဲ့ အလေးချိန်ကို ခံနိုင်ရည်ရှိအောင်ဆိုပြီး
 သေချာတွက်ချက် တပ်ဆင်ထားတာ မဟုတ်ပါဘူး၊ ဒါကြောင့် ပျက်စီးမှာကတော့ အသေအချာပါ၊
သော့ခလောက်တွေကတော့ တားမရဆီးမရ တနေ့တခြား များလို့သာ လာနေစဲပါ၊

ပြည့်သိပ်နေတဲ့ အချစ်သော့များ              (ဓါတ်ပုံ မရငတ)   

ဒီလို မတန်တဆ အချစ်သော့ခလောက်ကြီးတွေရဲ့ ဒဏ်ကြောင့် မကြာခင်ကာလမှာ လက်ရမ်းတွေ ပြိုဆင်း ပျက်စီး သွားမယ်ဆိုရင် ဒီတခါကော ပါရီမြို့တော်ဝန်ရုံးက ဘယ်လိုအမိန့်တွေများ ထုတ်ပြန်ပြီး ဘယ်လို ဆက်လုပ်လေမလဲ ဆိုတာကို မောင်ရင်ငတေ စိတ်ဝင်စားမိပါတယ်၊

အရင်တခါလို အချစ်သော့တံတားဟောင်း Passerelle des Arts တံတားက သံဇကာလက်ရမ်းတွေ
 နေရာမှာ မှန်လက်ရမ်းကို အစားထိုး တပ်ဆင်လိုက်လို့ သော့ခလောက်တွေကိုချိတ်လို့ မရတော့ဘူး ဆိုတာက မှန်ပေမယ့် သော့ခလောက် ချိတ်ခြင်းကို ဝါသနာထုံသူများကတော့ အခြားချိတ်လို့ရမယ့်
 နေရာကို သွားချိတ်ကြတာကို မျက်မြင်လက်တွေ့ ကြုံနေရပြီးပါပြီ၊ 

ဒါမျိုးကလည်း သူ့ခေတ်နဲ့သူ့အခါ ဖြစ်တတ်တဲ့ ပိုး တွေသာပါ၊ အမိန့်ထုတ် တားမြစ်လို့ ဘာအကျိုးမှ မရှိ ပါဘူး၊ သော့ခလောက်တွေကို တပ်ဆင်ခြင်းကလည်း ဘာပြစ်မှုမှ ကျူးလွန်တယ်လို့ မောင်ရင်ငတေ မထင်ပါဘူး၊

သော့တံတားဟောင်းရဲ့ နေဝင်ဆည်းဆာအလှ                         (ဓါတ်ပုံ မရငတ)   

အချစ်သော့တံတားရဲ့ နေဝင်ခါစ ညဦးယံလမ်းမီးနဲ့ ထင်ဟပ်တဲ့ အလှပါ၊ 

ဒါက သော့ခလောက်တွေ မရှိတော့ချိန်မှာ မောင်ရင်ငတေ ရောက်ရှိခံစား မှတ်တမ်းတင်ခဲ့မိတာပါ၊ 

အကယ်၍သာ အဲဒီမှန်တွေ နေရာမှာ ရွှေအိုရောင်တောက်ပနေတဲ့ သော့ခလောက်တွေသာ ရှိနေမယ်ဆိုရင် ပိုမိုလို့သာ လှပနေ မှာက မလွဲမသေပါ ခင်ဗျာ၊ ခံစားကြည့်တတ်ရင် တွေ့မြင်နိုင်ပါတယ်၊

တကယ့်တကယ်တော့ ခံစားတတ်မယ်ဆိုရင် တကယ်လှပတဲ့ ရင်ထဲက ခံစားမှု တခုပါ၊
မောင်ရင်ငတေကိုယ်တိုင်ကတော့ တခါဖူးမျှ သော့ခလောက် ဝယ်ယူလို့ မတပ်ဆင်ခဲ့ဖူးပါဘူး၊
သူတို့တတွေရဲ့ လှပတဲ့ခံစားမှုကို ရင်ထဲမှာ အငှားဝင် ခံစားရင်းနဲ့သာ ဒီလိုစာတွေ ရေးဖြစ်နေတာပါ၊

သူ့တို့ပိုက်ဆံတွေနဲ့သူတို့ သော့ခလောက်တွေ ဝယ်ယူအလှဆင်ယင်ကြတာဖြစ်လို့ သော့ခလောက်
စက်ရုံတွေတောင် ဝင်ငွေတိုးပွားပါသေးတယ်၊ 

ဒီကနေ့ ခေတ်ကြီးမှာ အဲဒီလိုမျိုး သော့ခလောက်ကြီးတွေက အိမ်တွေယာတွေမှာ အသုံးပြုမှုနည်းပါးလို့ လာနေပါပြီ၊ ပတ္တာ မျောက်လက်မျောက်မြီးတွေနဲ့ အိမ်ခြံတံခါးတွေမှာ သော့ခတ်တဲ့ အလေ့အထက ဟိုးခပ်ဝေးဝေးကာလမှာ မှုန်ပျပျနဲ့ ကျန်နေခဲ့ပါပြီ၊ 

ပိတ်ရလုစဲစဲ အဲဒီလို ခေတ်ဟောင်းကသော့ခလောက်စက်ရုံတွေ လုပ်ငန်းပြန်လည် လည်ပတ်တယ် ဆိုတာကလည်း အားပေးဖို့ ကောင်းလှတဲ့ အရာပါ၊ 

အဲသလို သော့ခလောက် စက်ရုံလေးတွေလည်း အလုပ်ဖြစ် သော့ခလောက် ရောင်းသူတွေလည်း အလုပ် 
 ဖြစ်စေ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုကလည်း အထူးမရှိ သဘာဝတရားကြီးကိုလည်း လှပစေ၊ 

ခရီးသွားလုပ်ငန်းတွေအတွက်ကိုလည်း အထောက် အကူပြုကောင်းမွန်စေပါတဲ့ သော့ခလောက်ချိတ်ဆွဲခြင်း အနုပညာကို ပြသစေဖို့ နေရာတွေ ဖန်တီး ပေးဖို့ လိုအပ်လာပါပြီလို့ မောင်ရင်ငတေ ထင်မိရကြောင်းပါ ခင်ဗျား၊

၃ ရက် ဂျွန် ၂၀၁၆ ချစ်သူများရဲ့ သော့တံတားဟောင်းပေါ်မှ ... .. . …. .. .  ဒီကနေ့ တွေ့မြင်ခဲ့ရတဲ့ Daniel HOURDE နဲ့ သူ့ အဖွဲ့သားတွေရဲ့ အနုပညာ လက်ရာသစ်များ         (ဓါတ်ပုံ မရငတ)   

အဲဒီ အချစ်သော့တံတားဟောင်းပေါ်မှာ ခေတ်ပေါ်အနုပညာ လက်ရာသစ်တွေနဲ့ တန်ဆာဆင်ယင် ထား
ခြင်းကို အဲဒီနေ့က တံတားပေါ်ရောက်တော့ တွေ့မြင်ခဲ့ရပါတယ်၊ ကောင်းမွန်လှပပါတဲ့ စိတ်ကူး အစီ အမံ သစ် တခုပါ၊ ဒါမျိုးတွေကိုလည်း မောင်ရင်ငတေ ကြိုဆို ထောက်ခံပါတယ်၊

ထိုကဲ့သို့ အနုပညာလက်ရာသစ်မျိုးကို နားလည်ခံစားတတ်ကြသူများ ရှိကြသလို ဒီ ချစ်ခြင်းမေတ္တာ၏
 သော့ခလောက်များ ခံစားမှုအနုပညာမျိုးကိုလည်း ခံစားတတ်သူတွေ အများအပြား ရှိနေပါတယ် ဆိုတာ ကိုတော့ မေ့မထားသင့်ပါဘူးကို မောင်ရင်ငတေ လေးနက်စွာ ရေးမိရခြင်းသာပါ၊

၃ ရက် ဂျွန် ၂၀၁၆ Daniel HOURDE နဲ့ သူ့အဖွဲ့ရဲ့ အနုပညာလက်ရာသစ်များ  (ဓါတ်ပုံ မရငတ)   

အမှိုက်ပုံးထဲရောက်သွားသော အချစ်သော့များ ** * ** သို့မဟုတ် ပြန်လည်ရှင်သန်လာလေသော
အချစ်သော့ တံတားဟောင်း ** ** *** ** * ၏ ဇာတ်ကြောင်းတွေကို နောက်ဆက်တွဲများအဖြစ် နှစ်ဆယ်လေးလတာ ကာလအတွင်း ဆက်လက်ရေးသား ခဲ့တာ အခု ၃ ရက် ဂျွန်လ ၂၀၁၆ ခုနှစ်မှာ အပိုင်း (ခြောက်) သို့တိုင် ရောက်ရှိလာခဲ့ပါပြီ၊ 

(အပိုင်းတွေလို့ဆိုပေမယ့် စာကြောင်းရေက သုံးလေး ကြောင်းမျှသာ ရေးဖြစ်ခဲ့တဲ့ အပိုင်းလေးတွေလည်း ပါပါတယ်၊)

၆ ရက် ကိုးလ ၂၀၁၁ ချစ်ခြင်းမေတ္တာ၏ သော့ခလောက်များ စတင်ချိန်က 
မူလလက်ဟောင်း Passerelle des Arts (ဓါတ်ပုံ မရငတ)    

မပြီးဆုံးသေးသော ဇာတ်လမ်း တပုဒ်လို့သာ ဆိုရမယ့် အချစ်သော့များရဲ့ ဇာတ်လမ်းပါ၊ 
ပါရီမြို့ကြီး တည်ရှိနေသမျှ စဲန်းမြစ် ရေစီးသံတွေ ကြားနေရသမျှ ဒီ Cadenas d’Amour သို့မဟုတ် Padlocks of Love ချစ်ခြင်းမေတ္တာ၏ သော့ခလောက်များနဲ့ အတူ ရင်ခုန်ချင်ကြသူတွေ များပြားစွာ ရှိနေဦးမှာပါ၊  

မောင်ရင်ငတေလည်း ပါရီ မြို့တော်ကြီးက မခွဲမခွာနိုင်သေးသမျှ သူတို့တတွေနဲ့ အတူ လိုက်လို့ ရင်ခုန်ချင်မိပါသေးတယ်၊ ပါရီမြို့တော်ကြီးရဲ့ တနေရာ မဟုတ် တနေရာမှာပေါ့၊ . . . . . ....... . ...
 . .. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . ........ . ........ . ....... . . ....... ........ . . ... . ..... ..... .
 . . . . . . . . . . . . . . . . . . . ........ . . .... ...... . . . ..... . .. . . ..... . . . . . . . . .. ... .

ဤခံစားမှု စာစုများအား နောက်ထပ်တွေ့ရှိချက်တွေနဲ့အတူ ပါရီပုံရိပ်များ အစီအစဉ်မှာ ထပ်မံဖော်ပြ ပါဦးမည် ခင်ဗျား၊ စောင့်မျှော် အားပေးချင်ကြသူများ အတွက်ပါ ခင်ဗျာ၊

မောင်ရင်ငတေ ၀၅၀၅၂၀၁၆


La statue d’Henri IV avec les quatre esclaves, La place du Pont-Neuf 1614. (Jean-Baptiste Lallemand 1775)


La place du Pont-Neuf avec la statue équestre d'Henri IV en 1818.


ပါရီပုံရိပ်များ 
အမှိုက်ပုံးထဲရောက်သွားသော အချစ်သော့များ

Aucun commentaire:

Enregistrer un commentaire