Tarnos (Balades à Poneys)
ဒီ
တောအုပ်လေးက Tarnos မြို့လေးနားက လှပတဲ့ အပန်းဖြေရာ တောအုပ်ကလေးပါ၊
တိတ်ဆိတ်ငြိမ်သက်
သာယာလှတဲ့ နေရာလေးတနေရာပါ၊
တာနိုးမြို့ကလေးက
ပြင်သစ်ပြည်အနောက်တောင်စွန်း စပိန်နယ်စပ်အနီး အတ္တလန်တစ်ကမ်းခြေနဲ့ ကပ်ရက်မှာ တည်ရှိပါတယ်၊
အများအားဖြင့်
ဒီအရပ်ကို လာကြသူများက ကမ်းခြေတလျှောက် သဲသောင်ပြင်များနဲ့ ပင်လယ်လေ
ရှုကြဖို့
ပင်လယ်ပြင်ကြီးရဲ့ သဘာဝအလှကို ခံစားကြဖို့ လာကြသူများပါ၊
ဒါပေမယ့်
ဒီလို တောအုပ်ကလေးများကို ဖန်တီးထိမ်းသိမ်း ထားကြတာကလည်း အတုယူဘွယ်ရာ တခုပါ၊
မောင်ရင်ငတေ ၁၁၀၄၂၀၁၅
Aucun commentaire:
Publier un commentaire