Libellés

Archives du blog

dimanche 19 avril 2015

** From La Rhune ရွန်တောင်ပေါ်မှ ** *

From La Rhune ရွန်တောင်ပေါ်မှ

ရွန်တောင်ထိပ်ပေါ်က မြင်တွေ့ရတဲ့ တောတောင်ရေမြေတွေပါ၊
ပီရေနေးတောင်စဉ်တောင်တန်းဟာ ဒီကနေ့ စပိန်နဲ့ ပြင်သစ်ပြည်ကို အလယ်ကနေ ပိုင်းခြားထားပြီး အရှေ့ဘက် မြေထဲပင်လယ်ကနေ အနောက်ဘက် အတ္တလန်တစ်သမုဒ္ဒရာတိုင် သွယ်တန်းနေတဲ့ တောင်စဉ်တောင်တန်း တခုပါ၊ ဒီ La Rhune ရွန်တောင်ထိပ်ကတော့ ပီရေနေး တောင်တန်းများရဲ့ အနောက်ဘက်ယွန်းယွန်းမှာ တည်ရှိတာပါ၊ အမြင့်ပေ နှစ်ထောင်ခွန်နှရာကျော် မီတာအားဖြင့် ၉၀၅ မီတာမြင့်တဲ့ ရွန်တောင်ထိပ်ပေါ်ကနေတွေ့မြင်ရတဲ့ သဘာဝတောတောင်ရေမြေ ရှုခင်းတွေကတော့ တိတ်ဆိတ်အေးချမ်းသာယာ စိမ်းလန်းစိုပြေလှပပါပေတယ်၊
 လေးဘက်လေးတန်မှာ မြင်တွေ့ခဲ့ရတဲ့ မှုန်ပျပျ အတ္တလန်တစ် ရေပြင်ရယ် ပြင်သစ်တခြမ်း စပိန်တခြမ်း ပိုင်ဆိုင်ပါပေတဲ့ မူလလက်ဟောင်း Pays Basque သို့မဟုတ် Euskal Herria မြေပြင်ရဲ့ တောတောင် အလှတွေကတော့ ကြည့်လို့မဝ နိုင်သလို မောင်ရင်ငတေအပါအဝင် ဒီနေရာကိုရောက်ရှိလာကြသူတွေရဲ့ ကင်မရာရိုက်ချက်တွေက သိန်းသန်း ကုဋေ မက ရှိနေမှာ မလွဲပါဘူး၊

မောင်ရင်ငတေ ၁၉၀၄၂၀၁၅


Chemin de fer de la Rhune သို့မဟုတ် Le petit train de la Rhune
ရွန်တောင်ထိပ်ပေါ်သို့ တရွေ့ရွေ့ တအိအိနဲ့ တက်လာနေတဲ့ Le petit train de la Rhune ခေါ်တဲ့ ရထားတွဲလေးတွေပါ၊ တခါတက်လာရင် ရှေ့နောက် ရထားနှစ်စင်း တပြိုင်နက်ထဲ တက်လာသလို ဆင်းရင်လည်း နှစ်စင်းတွဲပြီး ဆင်းလေ့ရှိပါတယ်၊  Little train ဆိုပေမယ့်လည်း ရထား ဘော်ဒီတွေ ကတော့ ခပ်ကျဉ်းကျဉ်း ခပ်သေးသေးလေးတွေ မဟုတ်ပါဘူး၊ ခရီးသည်ပေါင်း အယောက်နှစ်ရာခန့် ထိုင်စီးထစီးနိုင်တဲ့ ရထားတွဲတိုလေး နှစ်တွဲပါပါတယ်၊


ရွန်တောင်ထိပ်ပေါ်ကို တက်ရောက်ပြီး သဘာဝအလှတွေကို ကြည့်ရှုခံစား နိုင်စေဖို့အတွက် ၁၉၂၄ ခုနှစ်က စတင်တည်ဆောက် ပြေးဆွဲခဲ့တာပါ၊ မူလပထမတည်ဆောက်စဉ်ကစလို့ လျှပ်စစ်ဓါတ်အား သုံးတဲ့ ရထားလမ်းစနစ် ဖြစ်ပါတယ်၊ ဒါပေမယ့် လျှပ်စစ်နဲ့ချည်းသာ သီးသန့်ပြေးတာ မဟုတ်ပါဘူး၊ တမီတာကျယ်တဲ့ ရထားသံလမ်း နှစ်ခုကြားမှာ ခွေးသွားစိတ် ပင်နယံ သံလမ်းတလမ်း ပါဝင်နေပြီး ရထားပေါ်ကနေ မော်တာနဲ့ ရစ်တင်ရစ်ဆင်းတဲ့စနစ် (Rack Railway) စနစ်လည်း တွဲဘက် ပါဝင်ပါ သေးတယ်၊


နည်းပညာတွေ ပိုမိုပြီး ဆန်းကျယ်တိုးတက်ထွန်းကားလာတဲ့ ၁၉၇၀ ခုနှစ် နောက်ပိုင်းမှာတော့ စပိန်နယ်မြေဘက်ကနေ နောက်ထပ်တောင်တက်ရထားလမ်းတခု ဖောက်လုပ်
နိုင်ဖို့ ကြိုးပမ်းနေကြပေမယ့်လည်း ပြင်သစ်ဘက်ခြမ်း ဒေသခံပြည်သူတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုတွေကြောင့် အခုထိတိုင် အကောင်အထည်ဖော်လို့ မရသေးပါဘူးတဲ့ ခင်ဗျာ၊

ပီရေနေးတောင်စဉ်တန်းရဲ့ Col de Saint-Ignace တောင်ကြားလမ်းကနေပြီး ရွန်တောင်ထိပ်အထိ လေးကီလိုမီတာကျော်ဝေးတဲ့ တောင်တက်တောင်ပတ် စီးရတဲ့ အတက်အဆင်း ရထားခရီးစဉ်လေး ကို ၁၈ ယူရို ပေးပြီးစီးခဲ့ရပေမယ့် ပါရီအနီးက ဗားဆိုင်းနန်းတော် တခြမ်းပတ် ကားရထားလေးကို ၇ ယူရို ပေးစီးရတာနဲ့ နှိုင်းယှဉ်ကြည့်တော့ ရရှိရတဲ့ စိတ်ခံစားမှုရသက မိုးနဲ့မြေလို ကွာလှပါကြောင်း၊
မောင်ရင်ငတေ ၁၉၀၄၂၀၁၅


Chemin de fer de la Rhune သို့မဟုတ် Le petit train de la Rhune
ရွန်တောင်ထိပ်ပေါ်သို့ တရွေ့ရွေ့ တအိအိနဲ့ တက်လာနေတဲ့ Le petit train de la Rhune ခေါ်တဲ့ ရထားတွဲလေးတွေပါ၊ တခါတက်လာရင် ရှေ့နောက် ရထားနှစ်စင်း တပြိုင်နက်ထဲ တက်လာသလို ဆင်းရင်လည်း နှစ်စင်းတွဲပြီး ဆင်းလေ့ရှိပါတယ်၊  Little train ဆိုပေမယ့်လည်း ရထား ဘော်ဒီတွေ ကတော့ ခပ်ကျဉ်းကျဉ်း ခပ်သေးသေးလေးတွေ မဟုတ်ပါဘူး၊ ခရီးသည်ပေါင်း အယောက်နှစ်ရာခန့် ထိုင်စီးထစီးနိုင်တဲ့ ရထားတွဲတိုလေး နှစ်တွဲပါပါတယ်၊


ရွန်တောင်ထိပ်ပေါ်ကို တက်ရောက်ပြီး သဘာဝအလှတွေကို ကြည့်ရှုခံစား နိုင်စေဖို့အတွက် ၁၉၂၄ ခုနှစ်က စတင်တည်ဆောက် ပြေးဆွဲခဲ့တာပါ၊ မူလပထမတည်ဆောက်စဉ်ကစလို့ လျှပ်စစ်ဓါတ်အား သုံးတဲ့ ရထားလမ်းစနစ် ဖြစ်ပါတယ်၊ ဒါပေမယ့် လျှပ်စစ်နဲ့ချည်းသာ သီးသန့်ပြေးတာ မဟုတ်ပါဘူး၊ တမီတာကျယ်တဲ့ ရထားသံလမ်း နှစ်ခုကြားမှာ ခွေးသွားစိတ် ပင်နယံ သံလမ်းတလမ်း ပါဝင်နေပြီး ရထားပေါ်ကနေ မော်တာနဲ့ ရစ်တင်ရစ်ဆင်းတဲ့စနစ် (Rack Railway) စနစ်လည်း တွဲဘက် ပါဝင်ပါ သေးတယ်၊


နည်းပညာတွေ ပိုမိုပြီး ဆန်းကျယ်တိုးတက်ထွန်းကားလာတဲ့ ၁၉၇၀ ခုနှစ် နောက်ပိုင်းမှာတော့ စပိန်နယ်မြေဘက်ကနေ နောက်ထပ်တောင်တက်ရထားလမ်းတခု ဖောက်လုပ်
နိုင်ဖို့ ကြိုးပမ်းနေကြပေမယ့်လည်း ပြင်သစ်ဘက်ခြမ်း ဒေသခံပြည်သူတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ ကြောင့် အခုထိတိုင် အကောင်အထည်ဖော်လို့ မရသေးပါဘူးတဲ့ ခင်ဗျာ၊

ပီရေနေးတောင်စဉ်တန်းရဲ့ Col de Saint-Ignace တောင်ကြားလမ်းကနေပြီး ရွန်တောင်ထိပ်အထိ လေးကီလိုမီတာကျော်ဝေးတဲ့ တောင်တက်တောင်ပတ် စီးရတဲ့ အတက်အဆင်း ရထားခရီးစဉ်လေး ကို ၁၈ ယူရို ပေးပြီးစီးခဲ့ရပေမယ့် ပါရီအနီးက ဗားဆိုင်းနန်းတော် တခြမ်းပတ် ကားရထားလေးကို ၇ ယူရို ပေးစီးရတာနဲ့ နှိုင်းယှဉ်ကြည့်တော့ ရရှိရတဲ့ စိတ်ခံစားမှုရသက မိုးနဲ့မြေလို ကွာလှပါကြောင်း၊
မောင်ရင်ငတေ ၁၉၀၄၂၀၁၅



From La Rhune ရွန်တောင်ပေါ်မှ

ရွန်တောင်ထိပ်ပေါ်က မြင်တွေ့ရတဲ့ တောတောင်ရေမြေတွေပါ၊
ပီရေနေးတောင်စဉ်တောင်တန်းဟာ ဒီကနေ့ စပိန်နဲ့ ပြင်သစ်ပြည်ကို အလယ်ကနေ ပိုင်းခြားထားပြီး အရှေ့ဘက် မြေထဲပင်လယ်ကနေ အနောက်ဘက် အတ္တလန်တစ်သမုဒ္ဒရာတိုင် သွယ်တန်းနေတဲ့ တောင်စဉ်တောင်တန်း တခုပါ၊ ဒီ La Rhune ရွန်တောင်ထိပ်ကတော့ ပီရေနေး တောင်တန်းများရဲ့ အနောက်ဘက်ယွန်းယွန်းမှာ တည်ရှိတာပါ၊ အမြင့်ပေ နှစ်ထောင်ခွန်နှရာကျော် မီတာအားဖြင့် ၉၀၅ မီတာမြင့်တဲ့ ရွန်တောင်ထိပ်ပေါ်ကနေတွေ့မြင်ရတဲ့ သဘာဝတောတောင်ရေမြေ ရှုခင်းတွေကတော့ တိတ်ဆိတ်အေးချမ်းသာယာ စိမ်းလန်းစိုပြေလှပပါပေတယ်၊
 လေးဘက်လေးတန်မှာ မြင်တွေ့ခဲ့ရတဲ့ မှုန်ပျပျ အတ္တလန်တစ် ရေပြင်ရယ် ပြင်သစ်တခြမ်း စပိန်တခြမ်း ပိုင်ဆိုင်ပါပေတဲ့ မူလလက်ဟောင်း Pays Basque သို့မဟုတ် Euskal Herria မြေပြင်ရဲ့ တောတောင် အလှတွေကတော့ ကြည့်လို့မဝ နိုင်သလို မောင်ရင်ငတေအပါအဝင် ဒီနေရာကိုရောက်ရှိလာကြသူတွေရဲ့ ကင်မရာရိုက်ချက်တွေက သိန်းသန်း ကုဋေ မက ရှိနေမှာ မလွဲပါဘူး၊

မောင်ရင်ငတေ ၁၉၀၄၂၀၁၅

Aucun commentaire:

Enregistrer un commentaire