လှိုင်နယ်မြေ သို့မဟုတ် လိမ္မော်ရောင်ကောလိပ်
အာစီတူး
လှိုင်နယ်မြေ သို့မဟုတ် လိမ္မော်ရောင်ကောလိပ်
အာစီတူး
ရင်ခုန်ခဲ့ဖူးတယ်၊
အမှန်တကယ်
ကျောင်းသားစစ် မဖြစ်ခဲ့ပေမယ့်
မေခသားတယောက် ဖြစ်ခဲ့ဖူးလို့
ဒီအဆောင်တွေနဲ့ ဒီကျောင်း
ရင်ဘတ်ချင်းထိခဲ့တာပေါ့၊
သမိုင်းဝင်းထဲက အာစီတူး
ချစ်သူများရဲ့ အာစီတူး
သူငယ်ချင်းများရဲ့ အာစီတူး
သမိုင်းတခေတ် ဆန်းသစ်ခဲ့သူတွေ
ထွက်ပေါ်ခဲ့ရာ
အပြိုင်အဆိုင်တွေကြားက
အမှန်အကန်တွေ ထင်ရှားခဲ့တာ၊
ဒီ
အာစီတူး
အမှန်တကယ် ရင်ခုန်ခဲ့ဖူးတယ်၊
(မရငတ) ၀၃၀၄၂၀၁၅
https://www.facebook.com/photo.php?fbid=985115551501572&set=gm.1809589132598951&type=1&theater
https://www.facebook.com/photo.php?fbid=985115551501572&set=gm.1809589132598951&type=1&theater
Aucun commentaire:
Publier un commentaire