စိမ်း
အတိတ်တွေကြားမှာ မင်းရဲ့ရီသံတွေဟာ
စိမ်း၊
အရိပ်တွေကြားမှာ မင်းရဲ့အပြုံးတွေဟာ
စိမ်း၊
အရောင်တွေကြားမှာ
မင်းရဲ့စကားသံတွေဟာ စိမ်း၊
အတိတ်စိမ်းစိမ်း လူစိမ်းစိမ်းတွေကြားမှာ
ငါ့ရင်တွေဟာ စိမ်း၊
စိမ်းလန်းတဲ့ မြက်ခင်းတွေကြားမှာ
မင်းရဲ့အတိတ်အရိပ်အရောင်တွေဟာ စိမ်း၊
ကီလိုမီတာ ရှစ်ရှစ်ကိုးရှစ်ကနေ
တစတစ ပိုပိုဝေးသွားနေတဲ့ ငါ့ရင်ထဲက တိုင်းပြည် စိမ်း၊
(မရငတ) ၁၇၀၁၂၀၁၃
Aucun commentaire:
Publier un commentaire