Libellés

Archives du blog

samedi 11 avril 2015

** Bayonne သို့မဟုတ် Pays Basque ရဲ့ မြို့တော် ** *

Bayonne သို့မဟုတ် Pays Basque ရဲ့ မြို့တော


Bayonne မြို့တော်ကို Euskal Herria သားတွေရဲ့ မူရင်းဘာသာစကားနဲ့ BAIONA လို့သာ ခေါ်ကြတာပါ၊

Façades de maisons de la vieille ville de BAYONNE (Pays Basque)

ပြူတင်းတံခါးတွေရဲ့ အရောင် . .. .. ...... အနီရယ် အစိမ်းရယ် ဆိုတာ ဒီ ဒေသရဲ့ သင်္ကေတပါ …. . ...... …… . . . . .. .. ဘာမဟုတ်တဲ့ ဒီ သစ်သား ပြူတင်း တံခါးပေါက်တွေကို မြင်တွေ့ရတာကိုက နှစ်လိုဖွယ် စိတ်ဝင်စားဖွယ်ပါ၊


ပြင်သစ်ဘက်ခြမ်း Pays Basque ရဲ့ မြို့တော် Bayonne ကို တနှစ်တခေါက်ဆိုသလို ရောက်ဖြစ်ခဲ့ ပါတယ်၊ ငါးခေါက်ခြောက်ခေါက် ရှိခဲ့ပါပြီ၊ ဒီဒေသအကြောင်းကိုတော့ သေသေချာ မရေးဖြစ်ခဲ့ပါဘူး၊ အတိုအစ အပိုင်းအစများသာ ရေးဖြစ်ပါတယ်၊ ဒီလို များပြားလှတဲ့ အတိုအစတွေကို ပေါင်းစပ်ဖို့ ကလည်း ခက်ခဲနေသလို ဖြစ်နေရလို့ပါ၊ အဲဒါတွေကို အခုဖော်ပြဖြစ်တဲ့အခါမှာ အကြောင်းအရာတူ တာတွေ ရှိနေခဲ့ရင် သည်းခံကြဖို့ ကြိုတင် ပြောချင်ပါတယ်၊


အနှစ် နှစ်ထောင်ကျော် သမိုင်းသက်တမ်း ရှိခဲ့ပြီလို့ ပြောကြတဲ့ ဒီအရပ်ဒေသရဲ့ သမိုင်းကြောင်းက စိတ်ဝင်စားဖွယ်ရာပါ၊ ပြင်သစ်လည်း မဟုတ် စပိန်လည်း မဟုတ်ပါဘူးလို့ ပြောကြတဲ့ Euskal Herria ခေါ် ဒီ ဒေသရဲ့ အရုပ် အရိပ် အရောင်တွေကို မောင်ရင်ငတေရဲ့  မြင်မိတဲ့ အမြင်ကတော့ စပိန်နဲ့ ပိုတူ ပိုနွယ်ပါတယ်၊ ဒီဒေသသားများရဲ့ ရုပ်ရည်ကိုတော့ မောင်ရင်ငတေ တွေးနေဆဲမှာ . …

ဒီတခေါက်ဒီနယ်မြေကို မောင်ရင်ငတေနဲ့အတူလိုက်ပါလာတဲ့ ရန်ကုန်မင်းသားကြီး သူစိမ်းဆန်ဆန် ဦးအောင်ကိုရဲ့ ပြောကြားချက် တခုကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်၊ သူ့ရဲ့ အပြောက


ဒီဒေသသားတွေရဲ့ မျက်နှာတွေ ကိုယ်လုံးကိုယ်ပေါက်တွေကို ကြည့်ကြည့်ပါတဲ့၊ ပြင်သစ်တွေနဲ့မတူ စပိန်တွေနဲ့မတူ အင်္ဂလိပ်တွေရဲ့သာ ပိုတူတာပါတဲ့ ခင်ဗျာ . ….... မင်းသားကြီးရဲ့ ပြောကြားချက်ပါ၊


ဖြစ်နိုင်ပါတယ် ခင်ဗျာ၊ မောင်ရင်ငတေလည်း တွေးမိရကြောင်းပါ၊ ဟိုးအရင်ရှေးရှေးခေတ်ကာလက ဗိုက်ကင်းလှေခေတ် ပင်လယ်ဓမြခေတ်ကာလက အင်္ဂလိပ်တွေ အိုင်ရစ်တွေနဲ့ အတူ နောဒစ်ဒေသ မြောက်ပိုင်းဥရောပသားများဟာ မြောက်ပင်လယ်ကနေ အတ္တလန်တစ်သမုဒ္ဒရာ ပြင်သစ်ကမ်းခြေ စပိန် ပေါ်တူကီ ကမ်းခြေတလျှောက် စုန်ဆန်ကူးသန်းနယ်ချဲ့ကြရင်း အဲဒီ ဒေသရဲ့ အားအနည်းဆုံး ဖြစ်သော စပိန်ပြင်သစ်နယ်စပ်မှာ နယ်ချဲ့ရင်းက ကျန်နေရစ်ခဲ့သူ အင်္ဂလိပ်နဲ့တူသော မျိုးနွယ်ဆက် များ ဖြစ်နိုင်ကြောင်းပါ၊






Façades de maisons de la vieille ville de BAYONNE (Pays Basque)
ပြူတင်းတံခါးတွေရဲ့ အရောင် . .. .. ...... အနီရယ် အစိမ်းရယ် ဆိုတာ ဒီ ဒေသရဲ့ သင်္ကေတပါ …. . ...... …… . . . . .. .. ဘာမဟုတ်တဲ့ ဒီ သစ်သား ပြူတင်း တံခါးပေါက်တွေကို မြင်တွေ့ရတာကိုက နှစ်လိုဖွယ် စိတ်ဝင်စားဖွယ်ပါ၊
မောင်ရင်ငတေ ၁၁၀၄၂၀၁၅

Aucun commentaire:

Enregistrer un commentaire