Libellés

Archives du blog

jeudi 12 mars 2015

** စပျစ်သီးခူးသမား * **

ဘဝထဲကလူသား
စပျစ်သီးခူးသမား

စပျစ်သီးခူးသမား ၂၀၀၃       (Photo Sai SK)

ဒီလ ဒီရာသီက ကောက်ရိတ်သိမ်းပွဲရာသီ ပြင်သစ်လူမျိုးတွေရဲ့ Les vendanges
ခါ် စပျစ်သီးခူးပွဲ ရာသီ၊ နှစ်စဉ်နှစ်တိုင်း သြဂုတ် စက်တင်ဘာ အောက်တိုဘာဆိုရင် 
ဒီ စပျစ်သီးခူးပွဲလို ရာသီ အလုပ် တွေပေါ်တဲ့ အချိန်ပေါ့၊

မာင်ရင်ငတေတို့လည်း အဲဒီရာသီ ရောက်မှာကို မျှော်ပြီး အလုပ် ရမလားလို့
တောင့်တခဲ့ ရတာပေါ့၊ အဲဒီအလုပ်က အချိန်တို အတွင်းမှာ မြိုးမြိုးမြက်မြက်လေး ရတာ 
မဟုတ်လား၊ ပင်ပန်းသလားတော့ မမေးပါနဲ့ လုပ်ခဲ့ဖူးတဲ့ အလုပ်တွေမှာတော့ အတော့်ကို 
ပင်ပန်းတဲ့ အလုပ်မျိုးပါ၊ 

ဒါပေမယ့် ပင်ပန်းတယ်ဆိုပေမယ့် စက်ရုံအလုပ်ရုံတွေထဲမှာလို လှောင်ပိတ်
ကျဉ်းကြပ်မှုတွေ များစွာ စိတ်ကော ရုပ်ကော ထွက်ပေါက်ပိတ် နေတာမျိုး မဟုတ်ပါဘူး၊ 

စိတ်လွတ်လပ်စွာ စိမ်းလန်းစိုပြေတဲ့ ကွင်းပြင်ကျယ်တွေ တမျှော်တခေါ်ကြီးမှာ 
အုပ်စုလိုက် စုဖွဲ့ပြီး တပျော်တပါးကြီး လုပ်ရတာဆိုတော့ လုပ်ပျော်ခဲ့ပါတယ်၊

ပင်သစ်ဘဝ သက်တမ်း ၁၂ နှစ်တာကာလမှာ လေးကြိမ် သုံးနှစ် လုပ်ခဲ့ဖူးပါတယ်၊ 
တနှစ်မှာ တကြိမ်နဲ့ တကြိမ်ကို အလွန်ဆုံးမှ ၁၅ ရက် ရက် ၂၀ လောက်သာ အချိန်တို 
လုပ်ရတာပါ၊ 

စပျစ်ရာသီ ပြန်လည်အစမှာ အပင်တွေကို ပြုစုပျိုးထောင်ရတဲ့ အလုပ်မျိုးတွေရှိပေမယ့် 
လူ အင်အား သိပ်လိုအပ်တဲ့ အလုပ်မျိုးတွေ မဟုတ်တော့ကာ နဂိုလ်ကျွမ်းကျင်ပြီးသား 
လုပ်နေကျ သူတွေနဲ့သာ လုံလောက်ပါတယ်၊ တခြား ရေလောင်းပေါင်းသင် အလုပ်မျိုး
ကလည်း စက်တွေနဲ့ အစားထိုး လုပ်ကိုင် နေကြပြီ ဖြစ်ပါတယ်၊ 

စပျစ်သီးခူးရတာကတော့ စက်ရုပ်တွေနဲ့ အစားထိုးလုပ်လို့ကို မရနိုင်သေးတဲ့ လုပ်ငန်းဖြစ်ပြီး 
သဘာဝအရ အချိန်မီပြီးအောင် ခူးရတာဖြစ်လို့ လူအင်အားများစွာ လိုအပ်ပါတယ်၊

အဲဒီလို လူအင်အားတွေ အသုံးပြုရတာ များလွန်းလို့ လျှော့ချချင်ကြတဲ့ လုပ်ငန်း ပိုင်ရှင်ကြီးများက စက်တွေနဲ့ အစားထိုးဖို့ရာ ကြံစည်နေခဲ့တာတော့ ကြာပါပြီ၊ 

ဒါပေမယ့်လို့ အလုပ်သဘောအရဆိုရင် မလွယ်လောက်တာရယ် ဒီလို ကောက်ရိတ်သိမ်းပွဲတွေ လိုမျိုးကို ရိုးရာဓလေ့တွေ မပျက်အောင်လို့ ထိမ်းသိမ်းချင်သူ ဒေသခံ တပိုင်တနိုင် လုပ်နေကြ 
သူတွေရဲ့ စုပေါင်းအားက ကောင်းနေသေးတာမို့လို့ စက်အစားထိုးတာတွေက ထင်သလောက် 
တွင်ကျယ် မလာသေးပါဘူး၊

တမျှော်တခေါ် စပျစ်စိုက်ခင်းပြင်ကျယ်များ                (ဓါတ်ပုံ မရငတ)

လုပ်အားခအနေနဲ့ ပုံမှန်လုပ်အားခ သတ်မှတ်နှုန်းအပြင် အပိုဆောင်းခ
တွေကလည်း မက်လောက် စရာရှိလို့ လုပ်ချင်သူတွေ များလှပါတယ်၊ 

ဒီအလုပ်က အလုပ်အတည်တကျ မရှိသေးတဲ့သူတွေရော၊ အလုပ် ခေတ္တခဏ နားနေတဲ့ 
သူတွေရော၊ ငွေလိုအပ်နေတဲ့သူတွေရော၊ အလုပ်ကောင်းကောင်း ရှိနေပေမယ့် နွေရာသီ 
အားလပ်ရက်မှာ ဘယ်ခရီးမှမသွားဘဲ လာလုပ်တဲ့သူတွေရော၊

ကျာင်းတက် စရိတ်ရှာသူ ကျောင်းသားတွေရော၊ ကိုယ့်ရပ်ရွာဒေသကို 
ခဏပြန်ရင်း အပိုဝင်ငွေရှာသူရော လူမျိုးစုံ ရည်ရွယ်ချက်မျိုးစုံနဲ့ ပါဝင်ပြီး ခူးကြတာပါ၊ 

တကယ်ကတော့ ဟိုးရှေးအခါကတော့ ပြင်သစ်လူမျိုးရဲ့ ရာခိုင်နှုန်းတော်တော်များများဟာ 
တသက်မှာ အနည်းဆုံး တကြိမ်တခါတော့ စပျစ်သီးခူးဖူးကြရမယ် အစဉ်လာ ရှိခဲ့ဖူးပါတယ်၊ 

မူလရှေးရိုးရာဓလေ့အရတော့ ကျေးတောရွာတွေမှာ မိသားစု တပိုင်တနိုင် စိုက်ပျိုးရး 
တွ မွေးမြူရေးတွေ လုပ်ကြရင်း ထွက်ရှိလာတဲ့ သီးနှံတွေကို သူကငါ့ကူ ငါကသူ့ကူ 
လုပ်ကိုင်ကြတာက ကောက်ရိတ်သိမ်းပွဲလို တပျော်တပါး လုပ်ကြကိုင်ကြ ခူးကြရင်း
ပျာ်ပျော်ပါးပါး သောက်ကြစားကြတဲ့ ပွဲတော်ငယ်လေးတွေပေါ့

အခုချိန်ထိအောင်လည်း လုပ်ငန်းကြီးတွေကတော့ စီးပွားရေးဆန်ဆန် အခကြေးငွေပေးပြီး 
စပျစ်သီးခူးပွဲကို လုပ်ကြကိုင်ကြသလို ကိုယ်ပိုင် မိသားစုပိုင် စပျစ်ခင်းတွေမှာ ပျော်ရွင်စရာ 
မိသားစုဝင်တွေ မိတ်ဆွေသူငယ်ချင်းတွေ ပြန်လည်ဆုံဆည်းကြတဲ့ အိမ်တွင်း ပွဲတော်ငယ်လေး
တွေလို သဘောထားပြီး လုပ်ကြကိုင်ကြတာလည်း အများကြီးရှိနေဆဲပါ၊ 

အပြည်ပြည်ဆိုင်ရာအဆင့်ဆိုပြီး ပွဲတော်တွေကိုလည်း နည်းမျိုးစုံ ပုံစံမျိုးစုံနဲ့
 ကံဖန်ပြီးတော့လုပ်နေ ကြတာလည်း အများကြီးရှိတာပေါ့ဗျာ၊

ဝိုင် ရှန်ပိန် ကော့ညက် ချက်လုပ်တဲ့ စပျစ်သီးတွေပါ၊ စိမ်းစိမ်း နီနီ မည်းမည်း စားကြည့်လိုက်  
ရင်တော့ ဖန်တွတ်တွတ် အရသာပါ၊ စပျစ်နီမှ ဝိုင်နီ စပျစ်ဖြူရင် ဝိုင်ဖြူ  ရှန်ပိန် မဟုတ်ပါဘူး၊ 
ဘယ် အရောင်ဖြစ်ဖြစ် ရှန်ပိန်ရောင် ထွက်လာပါတယ်၊ မောင်ရင်ငတေတို့ ခူးခဲ့ရတာမှာ အများစုကတော့ ခပ်မည်းမည်း စပျစ်နီတွေသာပါ၊ ချက်လုပ်ပုံ အဆင့်ဆင့်နဲ့ နည်းစနစ်တွေသာ 
ကွာဟတာပါ၊                   (ဓါတ်ပုံ မရငတ)
မောင်ရင်ငတေနဲ့ အတူတူ စပျစ်သီးခူးဖူးတဲ့ သူတွေထဲမှာ မူရင်း ပရော်ဖက်ရှင်နယ် နယ် 
ပယ်တွေ အသီးသီးက လူအမျိုးမျိုး ပါရှိပေမယ့် အထူးခြားဆုံးကတော့ အသက် ၆၀ ကျော်ခန့် 
အမျိုးသမီးကြီး သုံးဦးရယ် အားကစား နည်းပြဆရာတဦးရယ် ဘယ်တော့မှ ဘာအလုပ်ကိုမှ 
အတည်တကျ အလုပ် မလုပ်သူ တဦးရယ်ပါ၊ 

သူတို့တတွေဟာ ပြင်သစ်လူမျိုး စစ်စစ်တွေလို့ ပြောလို့ရမယ့် လူဖြူတွေပါ၊ ဆင်းတောင့် 
ဆင်းရဲလည်း မဟုတ်ကြပါဘူး၊ စပျစ်သီးခင်းတွေနဲ့ မနီးမဝေးမြို့လေးတွေ ဇာတိဖွားပါ၊

အဖွားကြီးသုံးဦးက သားထောက်သမီးခံမရှိလို့ စားစရာမရှိလို့ လာခူးတဲ့ပုံလည်း မပေါ်ပါဘူး၊
ဆွမျိုး ဘုစုခရုတသိုက် အဖွားကြီးတွေခူးတာကို တပျော်တပါး လာအားပေးကြတာလည်း
န့စဉ်လိုပါဘဲ၊ စပျစ်သီး လာခူးတာကလည်း သူတို့ကိုယ်တိုင်ကားမောင်းပြီး လာကြတာပါ၊ 

သူတို့အပြောအရတော့ သူတို့ဟာ နှစ်စဉ်လိုလို ဒီအချိန်ရောက်ရင် ဒီအလုပ်ကို 
မလုပ်ဘဲ မနေနိုင်သလို ဖြစ်နေရကြောင်း နှစ်ပေါင်းသုံးဆယ်ကျော် ရှိပြီဖြစ်ကြောင်း 
အခု အခြားအလုပ်တွေ ဘာမှမလုပ်ဘဲ ပင်စင်စားနေရင်းနဲ့ ဒီရာသီပေါ် အလုပ်လေးတွေ ကိုတော့ အမြဲ လုပ်ဖြစ်ပါကြောင်း ပြောပြကြပါတယ်၊ အလုပ်လုပ်ရာမှာ မောင်ရင်ငတေတို့ 
သြချလို့ယူရအောင်လည်း လုပ်နိုင်ကြပါပေတယ်၊

မန်လည်းမြန် သန်လည်းသန် တုန်းပါ၊ ညည်းသံမကြား စကားတပြောပြော သီချင်း 
တကြော်ကြော်နဲ့ အပြုံးမပျက်ပါဘဲ လုပ်လည်း အတော်ကြီးကို လုပ်နိုင်ကြပါပေတယ်၊

မာင်ရင်ငတေလည်း အရင်က နိုင်ငံလးငါး နိုင်ငံက စက်ရုံ အလုပ်ရုံတွေမှာ
အာက်ခြေသိမ်းအလုပ်တွေကို တော်တော်လေးကြာအောင် လုပ်ကိုင်ခဲ့ဖူးပါတယ်၊ 
ဒီ အဖွားကြီးတွေကိုတော့ စပျစ်သီးခူးအလုပ်မှာ မှီအောင်လိုက် မလုပ်နိုင်တော့ပါဘူး၊ 

စီးကရက်လေး လက်ကြားကိုညှပ် အရက်လေးကလည်း တမြမြနဲ့ဆိုတော့ကာ အမော 
ကလည်း မခံနိုင်တော့ပါဘူး၊ လူ့အခွင့်အရေး အလုပ်သမားအခွင့်အရေး ဘာရေးညာရေးတွေ  
အကြောင်းပြ လို့ လက်ကြောလည်း တယ် မတင်းချင်တော့ပါဘူး၊

စပျစ်ခူးတဲ့ အားကစားနည်းပြ    (ဓါတ်ပုံ မရငတ)

အားကစားနည်းပြ တဦးကလည်း ဒီလိုပါဘဲ၊ လစာကောင်းတဲ့ အလုပ်ကိုလည်း အဲဒီအခါက 
လက်ရှိ လုပ်ကိုင်နေပြီး အားလပ်ရက်ရှည် ခွင့်ကာလမှာ ဒီအလုပ်ကို လာလုပ်တာပါ၊ 

သူနေတဲ့ နေရာကနေ ကီလိုမီတာ ၅၀ ကျော်လောက်ကွာဝေးတဲ့ စပျစ်ခင်းရှိတဲ့ နေရာကို 
မနက်အစောကြီးထ ကားမောင်း လာရတာပါ၊ 

သူကားကြီးကလည်း မောင်ရင်ငတေတို့ရဲ့ ရွှေပြည်တော်မှာ ဆိုရင်တော့ ခပ်ကြီးကြီး 
ခရိုဏီကြီးရဲ့ သားတွေ အလှစီးနေတဲ့ ဘီးလေးဘီးနဲ့ မောင်းရတဲ့ ကားမျိုးပေါ့၊ 

ဆံရှည် ဗလကလည်း ခပ်တောင့်တောင့်ဆိုတော့ ရွှေပြည်ကြီးမှာသာဆိုရင်တော့ 
ရုပ်ရှင်မင်းသား (ကိုရီးယားဇာတ်လမ်းတွဲ ရိုက်စားလို့ရတဲ့ မင်းသားပုံစံမျိုး မဟုတ်ပါဘူး) 
လုပ်စားလို့ရတယ်လို့ ပြောဖြစ်ပါတယ်၊ 

အဲဒီမောင်က ဗလက ခပ်တောင့်တောင့်ဆိုတော့ မောင်ရင်ငတေတို့လို စပျစ်သီးခူးရုံမကပါဘူး၊ 
ခူးပြီးသားတွေကို ထည့်ထားတဲ့ ကီလို ၃၀ ဆန့် ပလပ်စတစ်ပုံးကြီး သုံးပုံး တင်ထားတဲ့ 
တွန်းလှည်းကိုပါ တွန်းပါတယ်၊

စပျစ်သီးခူးကြသူများ ၂၀၀၇              (ဓါတ်ပုံ မရငတ)
တပုံးကို ကီလိုသုံးဆယ်     (ဓါတ်ပုံ မရငတ)
စပျစ်ပင်လမ်းကြား                   (ဓါတ်ပုံ မရငတ)

ကီလိုတရာလောက် လေးတဲ့လှည်းကို အေးအေးသာသာဘဲ တွန်းနိုင်ပါတယ်၊ 
တွန်းရတဲ့နရာက လမ်းကောင်းလည်းမဟုတ်ပါဘူး၊ကျာက်ခဲသလဲတွေ စပျစ်ပင် အကိုင်းအခက် အကျိုးအပျက်တွေ ပွစိထနေတဲ့ တခါတလေမှာ နိမ့်လျှောလျှော
တာင်စောင်း စပျစ်ပင်တန်း နှစ်တန်းကြား မညီမညာ မြေကြီးလမ်းမှာ တွန်းရတာပါ၊ 

အဆင်းတွန်းရတာလည်း တကယ်တမ်းတော့ လွယ်ကူလှတဲ့အလုပ် မဟုတ်ပါဘူးနော်၊
မာင်ရင်ငတေလည်း တလှည့်တလေတော့ (အဆင်း) တွန်းကြည့်ရတာပေါ့ဗျာ၊ 
အလုပ်ဆိုတာ ပိုက်ဆံရတော့ လိုချင်တော့ လုပ်ရတာပေါ့၊ လျှာထွက်မတတ်ပါဘဲ၊ 

လှည်းတွန်းရတာပင်ပန်းလို့ဆိုတော့ ခူးရတာကော သက်သာမယ် မထင်လိုက်ကြပါနဲ့ဗျာ၊ 
ညာလက်ဖဝါးတွေဆိုရင် စပျစ်ခိုင်အညှာတွေကို ညှပ်ရလွန်းလို့ ကတ်ကျေးရာတွေနဲ့ ကြိမ်းစပ် လို့ပေါ့၊ အညှာအရင်းက မာတဲ့ နေရာတွေကိုများ ညှပ်လိုက်မိရင်တော့ နာလိုက်တဲ့ဖြစ်ခြင်းပေါ့၊ 

ရက်တိုတိုသာလုပ်ရတဲ့ အလုပ်မျိုး မို့လို့ တော်သေးတာပေါ့၊ ရက်များရှည်ရှည်သာဆိုရင်
မာင်ရင်ငတေ ထွက်ပြေးမလားပါ၊

ရာသီဥတု သာယာတဲ့ရက်တရက်ပါ၊ ရာသီသာပြန်တော့လည်း နေပူအောက်မှာ ထွက်လာတဲ့ 
ချွးနဲ့ စီးကပ်ကပ် စပျစ်ရည်တွေက ဘယ်လိုမှ သဟဇာတ မတည့်ပြန်ပါဘူး၊  (ဓါတ်ပုံ မရငတ)

နောက်တယောက်ကတော့ အလုပ်အတည်တကျ မလုပ်ဖူးပါဘူးတဲ့၊ အဲဒီလိုဘဲ ရာသီချိန်တွေမှာ (ငွေလိုနေတဲ့အခါမှ) စိုက်ချိန်မှာ သွားစိုက်လိုက် ပျိုးချိန်မှာ သွားပျိုးလိုက် ခူးချိန်မှာ သွားခူးလိုက် 
ပ့ါ၊ 

ငါးဖမ်းရာသီမှာ ဆိုရင်လည်း ပင်လယ်ထဲမှာ ငါးသွားဖမ်းပါသေးသတဲ့၊
မာင်ရင်ငတေကိုတောင်မှ ငါးလိုက်ဖမ်းမလား ခေါ်နေပါသေးတယ်၊ မောင်ရင်ငတေ 
ကတော့ ငရဲကြီးမှာစိုးလို့ မဖမ်းပါရစေနဲ့လို့ တောင်းပန်လိုက်ရပါတယ်၊ မလုပ်ချင်လို့တော့ 
မဟုတ်ပါဘူးဗျာ၊ 

သူက တနှစ်မှာ ခြောက်လ ခုနှစ်လ ကျော်ကျော် အလုပ်လုပ်ပါတယ်တဲ့၊ သူနေတဲ့မြို့က 
အမွေရထားတဲ့ လုံးချင်းအိမ်ကို အငှားထားတဲ့ ဝင်ငွေလည်း သူ့မှာရှိပါတယ်တဲ့၊ 

ကျန်တဲ့ လေးငါးလကတော့ နိုင်ငံတော်က အလုပ်လက်မဲ့အတွက် ထောက်ပံကြေးငွေ   
အနည်းငယ်ရပါတယ်တဲ့၊ အဲဒီလေးငါးလမှာ ဘာအလုပ်မှမလုပ်ဘဲ ကားတစီးနဲ့ 
သွားချင်ရာ လျှောက်သွားတယ်တဲ့၊ 

သူဝယ်တဲ့ ကားကလည်း လမ်းပေါ်သွားလို့ရရုံလောက် ကားမျိုး ပါတဲ့၊ အာမခံ ကုန်ခါနီး 
ယူရို တထောင်ကျော်ကျော်သာ ပေးရတဲ့ကားမျိုးဝယ်ပြီး သုံးလေးငါးလစီးပြီး ရရာဈေး နဲ့  ပြန်ရောင်းချင်ရောင်း ဒါမှမဟုတ် ရောင်းမရခဲ့ရင်လည်း လမ်းဘေးပစ်ထားလိုက်ပါသတဲ့၊ 
ကားဖိုးက ခရီးစရိတ် ကားရထားလက်မှတ်ဖိုးထက် သက်သာပါကြောင်းတဲ့ခင်ဗျာ၊ 

ကိုယ်သွားလိုရာ ချောင်ကြိုချောင်ကြားတွေ အကုန်ရောက်နိုင်ပါတယ်တဲ့၊ 
သူချောင်းသေးသေးလေး တနေရာရာမှာ တနေကုန်နေပြီး ငါးသွားမျှားနတတ်ပါတယ်တဲ့၊ 

သူခေါ်လို့တော့ အလုပ်အားလုံးပြီး နောက်တရက် ငါးသွားမျှားတာ ခဏလိုက် သွား ဖြစ်ခဲ့ပါသေးတယ်၊

မာင်ရင်ငတေကတော့ ငြိမ်ငြိမ်လေးထိုင်ပြီး ငါးမျှားရတဲ့ အလုပ်ကို စိတ်မဝင်စားပါဘူး၊ စိတ်ဝင်စားစရာ ကောင်းတာက တောအုပ်ကလေးထဲမှာ သဘာဝအတိုင်း ဖြစ်နေအောင် ထိမ်းသိမ်းထားမှုတွေပါဘဲဗျာ၊ 

အဲဒီခါတုန်းက မောင်ရင်ငတေဆီမှာ မှတ်တမ်းတင်ဖို့ ကင်မရာ မရှိခဲ့တာကြောင့် အခွင့်အရေးကောင်းတခု လက်လွတ်ဆုံးရှုံးခဲ့ရတာပေါ့၊

စပျစ်သီးခူးကြသူများ ၂၀၀၇               (ဓါတ်ပုံ မရငတ)

နောက်ပြီးတော့ သူက ထိုင်းနိုင်ငံကိုလည်း အရမ်းသဘောကျလို့ နှစ်တိုင်းဆိုသလို 
သုံးလေး ငါးလ သွားနေပါတယ်တဲ့၊ ထိုင်းမှာနေရတာ ဈေးကလည်းပေါ ကောင်မလေးတွေ လည်းပါလှပါ တယ်တဲ့၊ ထိုင်း စကားတာင် တော်တော်ကြီးတတ် နေပါပြီတဲ့၊ 

မင်းတို့ တိုင်းပြည်ကိုလည်း ငါသွားချင်တယ်တဲ့၊ မင်းတို့ ဗမာစကားသင်ရတာ 
ခက်သလားတဲ့၊ မောင်ရင်ငတေကတော့ သူ့ကို ဗမာစကား မသင်ပေး လိုက်မိပါဘူးဗျာ၊ သူ့ဆီက အတတ်ပညာကောင်းတွေလည်း မောင်ရင်ငတေဆီ ကူးမလာပါဘူး၊ 

ဒီလို ပြင်သစ်တွေ ဥရောပတိုက်သား လူဖြူတွေ အများကြီးရှိကြောင်းပါ ခင်ဗျာ၊ 
အခုနှစ်ပိုင်းလောက်ဆိုရင် ရွှေပြည်တော်ကြီးရဲ့ တံခါးဖွင့် ဝါဒသစ်တွေနဲ့အတူ အင်းလေးတို့ ပုဂံတို့ကိုများ အဲဒီ ကိုရွှေပြင်သစ် ရောက်များ ရောက်နေပြီလားဆိုတာတော့ မသိကြောင်းပါ ခင်ဗျား၊

ဒီလို မတ်စောက်စောက် ဆင်တွေတောင် လျှောကျပါတဲ့ ဆင်ခြေလျှောတွေမှာ ဆိုရင်တော့ ခူးတဲ့သူတွေ လျှော်ရုံမျှမက လျှာထွက်ပြီပေါ့၊  (ဓါတ်ပုံ မရငတ)    

မောင်ရင်ငတေကတော့ အမြဲလိုလို ဘိုင်ကျနေတာကြောင့် ပိုက်ဆံရဖို့ သွားခူးခဲ့ရတာပါ၊ ပိုက်ဆံရဖို့ အဓိက ရည်ရွယ်ချက်ဆိုပေမယ့် တကယ်လုပ်ကိုင်တဲ့အခါမှာ ဆွဲဆောင်မှုတွေ အများကြီးရှိတဲ့ အလုပ် ပုံစံမျိုးပါ၊ 

ဒါကြောင့်မို့ လေးကြိမ်တိုင်တိုင် သွားရောက် လုပ်ကိုင်ခဲ့ဖူးပါတယ်၊ မာင်ရင်ငတေ 
သွားပြီး လုပ်ခဲ့တဲ့ နေရာက ဝိုင်ထုတ်လုပ်တဲ့ လုပ်ငန်းနေရာ မဟုတ်ဘဲ နာမည်ကျော် 
ရှန်ပိန် Champagne ထွက်ရာ ရှန်ပိန်ပြည်နယ် Champagne-Ardenne မှာ ဖြစ်ပါတယ်၊ ရှန်ပိန်နယ်ဟာ ပါရီမြို့တော်ရဲ့အရှေ့ဘက် ကီလိုမီတာ ၁၆၀ ခန့် ဝေးပါတယ်၊ 

တကယ်တမ်းကတော့ ရှန်ပိန်ဆိုတာ (အင်္ဂလိပ်လို Sparkling Wine ပြင်သစ်လို Vin de Champagne) ဝိုင်အဖြူ  တမျိုးပါ၊ ခပ်လွယ်လွယ်ပြောရင်တော့ အမြုပ်ထွက်တဲ့ ဝိုင်အဖြူ အမျိုးအစားပါဘဲ၊ 

ရှန်ပိန်ကို ပီနိုနွာ Pinot Noir ရှာဒွန်နေး Chardonnay ဆိုတဲ့ စပျစ်ပင် အမျိုးအစားတို့က အဓိက ထုတ်လုပ်တာ ဖြစ်ပါတယ်၊ ဝိုင်ဘဲဖြစ်ဖြစ် ရှန်ပိန်ဘဲဖြစ်ဖြစ် ကော့ညက်ဘဲဖြစ်ဖြစ် ဘရန်ဒီဘဲဖြစ်ဖြစ် ဒီလို စပျစ်သီးအမျိုးအစား (အဖြူရောင် အနီရောင်) တွေက ဖြစ်လာတာပါ၊ 

ချက်လုပ်ပုံ ချက်လုပ်နည်းကိုတော့ သေသေချာချာ လေ့လာဖို့ လိုအပ်တာကြောင့် ဒီနေရာကနေ ဖြီးဖြန်းမပြောတော့ပါဘူး၊ တခါတုန်းဆီကတော့ လေ့လာဖို့ အခွင့်အရေးရခဲ့ဖူးပေမယ့် ဧည့်ခံတဲ့ အမြည်းဖန်ခွက်တွေ တခွက်ပြီးတခွက် သောက်လိုက်မိလို့ လေ့လာရေးစခန်းကို မရောက် လိုက်တော့ပါဘူး ခင်ဗျာ၊ ဧည့်ခံတဲ့ သူမလေးတွေ သိပ်သဘောကောင်းလို့ပါဗျာ၊


Moët & Chandon           (Photo Google)

မောင်ရင်ငတေခူးခဲ့တဲ့ ကုမ္ပဏီကတော့ ကမ္ဘာ့နာမည်ကျော် Moët & Chandon ဖြစ်ပါတယ်၊ 

၁၇၄၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Moët & Chandon ဟာ ၁၉၈၀ ဝန်းကျင်နှစ်များ 
မှာတော့ တနှစ်ကို ပုလင်းသန်းပေါင်း ၅၀ ကျော် ထုတ်လုပ်တဲ့ (ကမ္ဘာ့ ကော့ညက် ဈေးကွက်ရဲ့ 
၄၀ ရာနှုန်း ထုတ်လုပ် နေတဲ့) နာမည်ကျော် Hennessy ကော့ညှက်ရယ်၊ 

Louis Vuitton ဆိုတဲ့ ညိုညစ်ညစ် အဆင်း အရောင်နဲ့ မတရား ဈေးကြီးလွန်းလှတဲ့ ဖက်ရှင်ပစ္စည်း ခရီးဆောင်အိတ်တွေ လက်ကိုင်အိတ်တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီရယ် သုံးခု ပူးပေါင်းထားတဲ့ LVMH ကိုလည်း ပိုင်ဆိုင်သူတဦး ဖြစ်လာပါတယ်၊ 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်က တည်ရှိလာခဲ့တဲ့ သူဌေးကုမ္ပဏီကြီး သုံးခုရဲ့ လုပ်ငန်းပူးပေါင်းမှု တခုပေါ့ဗျာ၊ ဘယ်သူကဘယ်သူကို လက်ဝါးကြီးအုပ်သွားတာလည်း ဆိုတာတော့ မောင်ရင်ငတေ့ အလုပ် မဟုတ်ရပါဘူး၊ ဒါ့အပြင် နာမည်ကျော် ဖက်ရှင်နဲ့ ရေမွှေး ထုတ်လုပ်တဲ့ Christian Dior ဆိုတာကိုလည်း ရှယ်ယာတဝက်နီးပါး ပိုင်ပါတယ်တဲ့၊ ပိုက်ဆံဝါလား သူဌေးကြီးတွေရဲ့ စတော့ ရှယ်ယာ ဈေးကစားမှုများပေါ့၊ 

Moët & Chandon ပိုင်ဆိုင်တဲ့ ရှန်ပိန်နယ်က ရှန်ပိန်စပျစ်ခင်းတွေက ဟက်တာ ၁၀၀၀ (ဧကပေါင်း ၂၅၀၀) လောက်ရှိနေပြီး တနှစ်ကို ပုလင်းပေါင်း ၂၆ သန်းခန့် ထွက်ရှိ ပါတယ်၊ 

အဲဒီရှန်ပိန် ထုတ်လုပ်တဲ့လုပ်ငန်းဟာ ဘယ်လောက်တောင်မှ ကြီးကျယ်သလဲတော့ မမေး ပါနဲ့၊ ရှန်ပိန်ဟာ ဝိုင်လို ဒီနှစ်ထုတ် နောက်နှစ်သောက်လို့ ကောင်းတာ မဟုတ်ပါဘူး၊ 

အနည်းဆုံး ၅ နှစ်လောက်တော့ မြေအောက်လှိုဏ်ဂူထဲမှာ သိမ်းထားရတာ ဆိုတော့ကာ Moët & Chandon ရဲ့ ပုလင်းသွပ်ထားတဲ့ ရှန်ပိန်တွေကိုထားတဲ့ မြေအောက်လှိုဏ်ခေါင်း အရှည် ကိုက ၂၈ ကီလိုမီတာ အရှည်ရှိပါတယ်တဲ့ဗျာ၊

Moët & Chandon ရဲ့ မြေအောက်လှိုဏ်ခေါင်း ၂၈ ကီလိုမီတာ အရှည်ထဲက ဝက်သစ်ချ စည်သွပ် ဖန်ပုလင်းသွပ်ထားတဲ့ နှစ်ချို့ ရှန်ပိန်များပါ၊    (Photo Google)

ရှန်ပိန်ပြည်နယ်မှာ စပျစ်သီးခူးတဲ့ရာသီကလည်း အဆိုးဝါးဆုံးလို့ ဆိုရမယ့် 
ရာသီဥတုဖစ်ကြောင်းပါ၊ တခြားနေရာတွေကိုတော့ သွားမခူးဖူးဘူးလို့ ရာသီဥတု 
ဒီလောက် ဆိုးမဆိုး သေချာ မသိပေမယ့် ပြောနိုင်တာတခုကတော့ ရာသီဥတု
ကာင်းနိုင်စရာ မရှိတာကိုပါ၊

မာင်ရင်ငတေခူးဖူးတဲ့ သုံးကြိမ် စလုံးမှာ စက်တင်ဘာ လလယ်ပိုင်းလောက်မှာ ခူးရတာပါ၊ 
အဲဒီသုံးကြိမ်မှာ ပထမအကြိမ်နဲ့ တတိယ အကြိမ်မှာ မိုးကရွာလိုက် တိတ်လိုက် နေပူလာလိုက် 
မိုးအုံ့သွားလိုက်နဲ့ ရာသီဥတုက နာရီဝက် အတွင်းမှာ အဲလို ခဏခဏ ပြောင်းနေတာပါ၊ 

ပထမအကြိမ်က ခူးနေရင်းနဲ့ တပတ်လောက်ရှိလာ တဲ့အခါ မိုးတွေက ရွာရုံမကဘဲ 
မိုးကြိုးတွေပစ် မိုးတွေခြိမ်းတာ များလာလွန်းလို့ ဒုတိယပိုင်းအဖြစ် နောက်နှစ်ပတ်လောက် 
ကြာပြီးတော့မှ ပြန်ဆက်ခူးခဲ့ ရပါတယ်၊ မိုးရွာလိုက် နေပူလိုက်နဲ့ဆိုတော့ ဝတ်ထားတဲ့ 
အဝတ်တွေက စိုလိုက်ခြောက်လိုက်နဲ့ပေါ့

ဒုတိယအကြိမ် ခူးတုံးကတော့ နေပူတဲ့အချိန် ပိုများပါတယ်၊ နပူတာ များတော့လည်း
ချွးကထွက် ပူလို့ အကျီလက်ရှည်က မဝတ်နိုင် အဲဒီတော့ စပျစ်စေးတွေက ကပ်စီး 
ကပ်စီးပ့ါဗျာ၊ 

သူတို့အပြောက စပျစ်သီးခူးချိန်ဟာ ရာသီဥတုကို မူတည်ပြီး တော့မှ ခူးရတာတဲ့၊ 
ဆိုတော့ကာ စပျစ်သီးခူးတာဟာ ရာသီဆိုးမှ ခူးရတာလို့ ကောက်ချက်ချရမလို ဖြစ်ပါတယ်၊ 

ဒါပေမယ့် မောင်ရင်ငတေတို့အဖွဲ့က စပျစ်သီး ခူးဖော်ခူးဖက်တင် မကပါဘူး၊ 
စပျစ်ဝိုင် သောက်ဖော် သောက်ဖက်တွေလည်း ဖြစ်ပါတယ်၊ နေပူပူ မိုးရွာရွာ 
အားကစားသမားတွေကတော့ ကစားရမှာဘဲ မဟုတ်လား၊ 

ကြိုတင်ဖန်တီးလာတဲ့ ကိုကာကိုလာ ဗူးထဲ ပြောင်းထည့်လာတဲ့ နှစ်မချို့ ဝိုင်ကို 
တယောက်တလှည့် အားပေးကြရင်း ရရာ စိတ်ကူးပေါက်ရာ ဘာသာစကားပေါင်းစုံ 
သီချင်း တွေကို တယောက်တပေါက် အော်ဟစ်ကြရင်း နောက်ကြရင်းပြောင်ကြရင်း 
စပျစ်သီးတွေကို ခူးခဲ့ရ တာတွေဟာ ပြန်တွေးကြည့်ရင် ငွေရဖို့ လုပ်ခဲ့ဖူးတဲ့ အလုပ်တွေထဲမှာ 
လွမ်းစရာအပြည့် လွမ်းစရာ အကောင်းဆုံးပါ၊

မိုးလင်းစ မြူတွေက အုံ့မှိုင်းမှိုင်း မသာယာသော စပျစ်ရာသီ   (ဓါတ်ပုံ မရငတ)

စပျစ်ခင်းတွေနဲ့ မနီးမဝေးမှာ ရှေ့တန်းစခန်းလို့ဆိုရမဲ့ စုရပ်ဌာနရှိပါတယ်၊ ဒီစုရပ်ကို စပျစ်သီးခူးမယ့် သူများဟာ မနက်စောစော ၆ နာရီကျော်လောက်မှာ အရောက်လာရပါတယ်၊ 

အရင်ကတော့ ဒီစုရပ် နေရာမှာ တည်းခိုစရာတွေ လုပ်ပေးထားပါတယ်၊ 
အခုတော့ မရှိတော့ဘူးလို့ ကြားမိပါတယ်၊ လာပြီး တည်းခို စပျစ်သီးခူးကြသူတွေက 
,တရာ သားတွေ ဖြစ်တာမို့ လူမျိုးစုံ အကြမ်းအရမ်းသမားလည်း ပါတယ် မဟုတ်ပါလား၊
 ကြာတော့ ပြဿနာပေါင်းစုံ ဖြစ်လာလို့လားမသိ တည်းခိုစရာ အစီအစဉ်က ကိုယ့်ဘာသာကိုယ် ဖန်တီးရပါတော့တယ်၊

မာင်ရင်ငတေတို့ ရွှေလူမျိုးတွေကတော့ ခင်ရာဆွေမျိုး မဟုတ်လား၊
ရွှအိမ်မှာ တည်းခိုတာပေါ့၊ ကံအားလျှော်စွာ ရွှေမိတ်ဆွေတဦးကလည်း 
အဲဒီဒေသမှာ ရောက်ရှိ နေထိုင်သခိုက်နဲ့ ကြုံခဲ့ရတာကိုဗျ၊ 

အဲဒီရွှေစံအိမ်မှာ တဖွဲ့လုံး စုပြုံအိပ် စုပြုံပြီး ချက်ပြုတ် စားကြသောက်ကြ  ပေါ့ဗျာ၊  
ရွှတွေမဟုတ်လား သတင်းတွေ ဖလှယ်ကြသလို အတင်းအဖျင်းတွေနဲ့ ပြဿနာပေါင်း
သာင်းခြောက်ထောင် ရှိတာပေါ့၊ 

မနက်စောစော အိပ်ရာထကြပြီး ၆ နာရီကျော်မှာ စုရပ်ကို အရောက်လာကြ 
ရပြီး စုရပ်မှတဆင့် အုပ်စု ရှစ်စုလောက် (တအုပ်စုကို လူခုနှစ်ယောက်ခန့် ဆိုတော့ 
အားလုံးပေါင်း ၆၀ လောက်ရှိတာပေါ့၊) ဘတ်စကားကြီး တစီးစီနဲ့ (စုစုပေါင်း ဘတ်စ် 
အစီး ၂၀ ကျော်လောက်တော့ ရှိမယ်ထင်ပါတယ်၊) သက်ဆိုင်ရာ စပျစ်ခင်းတွေရှိရာကို 
သွားကြရပါတယ်၊ 

ကားပေါ်ပါလာသူတွေ အားလုံးဟာ နှစ်စဉ်နှစ်တိုင်းလိုလို အတူတူခူးနေကြသူတွေ 
အများစုဆိုတော့ တယောက်နဲ့တယောက် သိနှင့်ပြီးသားတွေ ဖြစ်သလို အဖွဲ့ခေါင်းဆောင် 
မန်နေဂျာမကြီးကလည်း ဒီဒေသမှမွေး ဒီအရပ်မှာကြီးပြင်းလာပြီး ဒီအလုပ်ကို လုပ်နေတာ 
ကြာပြီဖြစ်လို့ အားလုံးလိုလိုနဲ့ သိပြီးသား ဖြစ်ပါတယ်၊ 

မောင်ရင်ငတေတို့လို မျက်နှာသစ်တွေကတော့ အနည်းငယ်မျှသာ ပါတာပါ၊ ၇ နာရီ တိတိက 
စပြီး စပျစ်ခူးတဲ့ အလုပ်ကို စလုပ်ကြပါတယ်၊ အဖွဲ့တဖွဲ့ကို ခြောက်ယောက်ကနေ ရှစ်ယောက်  
လောက်ထိ စိတ်တူရာ ခင်မင်ရာနီးစပ်ရာ ပေါင်းစပ်ထားတဲ့ ကိုယ့်လူနဲ့ကိုယ်ဖွဲ့ကြတာပါ၊

အိုစမာဘင်လာဒင် မဟုတ်ပါဘူး၊ မောင်ရင်ငတေနဲ့ စပျစ်သီးခူးဖက် ဓါတ်ပုံ အနုပညာသမား တဦးပါ၊ စိတ်သဘောထား နူးညံ့ပြီး ကူညီတတ်သူ တဦးပါ၊ သူ့ကိုယ်သူ ပြောတာကတော့
ပင်သစ်လူမျိုးစစ် ပါတယ်တဲ့၊ ဘိုးတွေဘေးတွေ လက်ထက်ကတည်းက ပြင်သစ်နိုင်ငံသား ပါတဲ့၊     (ဓါတ်ပုံ မရငတ)

အနီးစပ်ဆုံး ပေါင်းစပ်ပြီး အဖွဲ့ဖွဲ့ထားပေမယ့် ရှိသမျှသော ရွှေတွေ အလုပ်လုပ်ချင်လို့သာ ကြံဖန်ပြီး ဆုံဆည်းကြရတာ ဆိုတော့ကာ၊ ထုံးစံအတိုင်း တကယ်ပေါင်းလုပ်ကြတော့ တကျက်ကျက်ပေါ့ဗျာ၊ 

စုပေါင်း လုပ်ကြရာတာဆိုတော့ လူညီရင် ညီသလို အလုပ်လုပ်ရတာ ကောင်းပါတယ်၊
ပးတဲ့ ရတဲ့ လုပ်အားခကလည်း အခြေခံ သတ်မှတ်ချက်ထားရှိတယ် ဆိုပေမယ့် အုပ်စုလိုက် ခူးလို့ရတဲ့ စပျစ်သီး အလေးချိန်ကိုလည်း ထည့်သွင်း တွက်ချက်တာဆိုတော့ အလေးချိန်များများ 
ခူးနိုင်တဲ့အဖွဲ့ဟာ ပိုပြီး ပိုက်ဆံများများ ရတဲ့စနစ် ဖစ်ပါတယ်၊ 

စုစုပေါင်းရတဲ့ လုပ်အားခငွေကိုလည်း အုပ်စုအတွင်းမှာ အညီအမျှ ခွဲဝေယူတဲ့စနစ်ပါ၊ ဘုံစနစ်ဆိုတော့ နာတဲ့သူ သာတဲ့သူ ရှိကြစမြဲပေါ့၊ မနက် ၇ နာရီကနေ ညနေ ၅ နာရီထိ လုပ်ကြတာ တနေ့ကို အသားတင် အနည်းဆုံး ယူရို ၁၀၀ ခန့် ရကြပါတယ်၊ 

လုပ်အားကောင်းတဲ့ အဖွဲ့ဆိုရင် အဲဒီထက်မက ရနိုင်ပါတယ်၊ မောင်ရင်ငတေတို့
ရွှအဖွဲ့ကတော့ ယူရို ၁၀၀ မကျော်ခဲ့ပါဘူး၊ ကိစ္စမရှိပါဘူး၊ ရသမျှနဲ့ တင်းတိမ်ရောင့်ရဲ တတ်နေပြီ မဟုတ်ပါလား၊

ရွှေပြည်တော်မှာ ကောက်စိုက်ခ တရက်တသိန်း ရရင်တော့များ
မာင်ရင်ငတေ ကောက်သွားစိုက် လိုက်ချင်ပါသေးတယ်ဗျာ၊ 

မောင်ရင်ငတေကတော့ တနှစ်ခြား သုံးကြိမ်သုံးခါတိတိ ခူးခဲ့ပြီးနောက် မခူးဖြစ်တာ 
အခုတော့ သုံးလေးနှစ် ရှိပါပြီ၊ နောက်တကြိမ်လောက်တော့ အခြေအနေပေးရင် ခူးချင် ပါသေးတယ်၊ 

မောင်ရင်ငတေရဲ့ စပျစ်ခူးဖော်မိတ်ဆွေ ပြင်သစ်ဖွားကြီးအိုတွေကတော့ အသေမချင်း လုပ်နိုင်ကိုင်နိုင်သေးသ၍တော့ ဆက်လက်ပြီး စပျစ်သီးခူးသူများ ဖြစ်နေကြအုံးမှာပါ၊

မခူးရ မနေနိုင်ကြတဲ့ ပြင်သစ်ဖွားဖွားတဦး၊
မာင်ရင်ငတေတို့နဲ့ အတူခူးခဲ့တဲ့ ပြင်သစ်ဖွားဖွားများရဲ့ ပုံတွေကိုတော့ မှတ်တမ်းတင်ခွင့် 
မရလိုက်တာမို့ အင်တာနက်ကနေ ရှာဖွေထားတဲ့ ပုံသာ ဖြစ်ပါတယ်၊  (Photo Google)

အဲဒီလို ပြင်သစ်ဖွားဖွား အရွယ်များသာမက အတန်းကျောင်းတက်နေဆဲ အထက
ကျာင်းသူများ ဗာစီတီ ကျောင်းသူများရော ကျောင်းမုန့်ဖိုး အပိုသုံးငွေများရရှိဖို့ တနှစ် 
တကြိမ် မှန်မှန်ခူးကြပါတယ်၊

မောင်ရင်ငတေရဲ့ တတ်သမျှ မှတ်သမျှ ပြင်သစ်စကား အကျိုးအပဲ့များနဲ့ ရသမျှ အချိန်လေးတွေမှာ မေးမြန်းရတာမို့လို့ ပြည့်ပြည့်စုံစုံ အတွေ့အကြုံတော့ မဟုတ်ပါဘူး၊
နာင်တကြိမ်လောက် ထပ်မံပြီး စပျစ်ခူးဖြစ်ခဲ့ဦးမယ် ဆိုခဲ့ရင်တော့ ဒီထက်မက မေးမြန်းချင်မိ ပါသေးတယ်၊

စပျစ်ခူးကြသူ ဗာစီတီကျောင်းသူမမလေးများ (ဓါတ်ပုံ မရငတ)
မောင်ရင်ငတေရဲ့ စပျစ်ခူးဖော်ကြီး          (ဓါတ်ပုံ မရငတ)
မောင်ရင်ငတေရဲ့ ဓါတ်ပုံဆရာ စပျစ်ခူးဖော်ကြီးရဲ့ စိုက်ကွင်း မှတ်တမ်းတင်ရိုက်ချက်
ဒီလို ကြို့ပို့ကားများနဲ့ စပျစ်ခင်းများဆီသို့ တပျော်တပါးပေါ့၊              (ဓါတ်ပုံ မရငတ)


မောင်ရင်ငတေ ၁၀၁၀၂၀၁၂  
http://moemaka.com/?p=28855 နိုဝင်ဘာ ၇၊ ၂၀၁၂

မိုးမခ http://gita.cc/?p=28855   

---- - - - - - - - -- - * * * * * * * ****** * ***** ****** - - - - - - - - - - - - - -  - -


1 commentaire:

  1. ဗဟုသုတရလို့ ကျေးဇူးတင်ပါတယ် စပျစ်ဝိုင်ကို အိမ်သုံးအဖြစ်အလွယ်ကူဆုံး
    ပြုလုပ်နည်းလေးကို သိချင်ပါတယ်။
    ကျွန်တော့ရဲ့ ဖေ့ဘွတ်ပါ။https://www.facebook.com/Doe-Gyi-692306014199968/?ref=bookmarks
    ကာယသုခ စိတ္တသုခ နှစ်ဖြာသောသုခဖြင့်ပြည့်စုံပါစေ
    လေးစားစွာဖြင့်
    ဒိုးကြီး

    RépondreSupprimer