သေမင်းဆီသို့ ခြေလှမ်းသုံးဆယ်
(ဓါတ်ပုံ မရငတ)
တကယ်တော့ Golden
plus One မှာ
ခြေလှမ်းတွေက သုံးဆယ်
မသေချာတော့ပါဘူး၊
တလှမ်းလေလား နှစ်လှမ်းလေလား၊
ခေါက်ကနဲ တလှမ်းဝက်လောက်နဲ့လည်း
ချက်ချင်းဆိုသလို
ကြွချင်လည်း ချက်ချင်းကြွသွားနိုင်လေရဲ့၊
နေချင်သေးတဲ့ အတိုင်းတာတခုအရ
အလှမ်းသုံးဆယ် ပေါင်းထည့်လိုက်မိလေရဲ့၊
ဒီအလှမ်းသုံးဆယ်ကာလအတွင်းမှာ
အတိတ်ဆိုတာကလည်း လွမ်းစရာတွေထက်
မပိုတော့ပါဘူး၊
ဘဝဆိုတာကလည်း သောကမောဟတွေ
ဒေါသတွေနဲ့ အဆိပ်သင့်ခဲ့တာက များခဲ့ပြီမဟုတ်လား၊
အပေါင်းတစ်တွေ အပေါင်းနှစ်တွေမှာ
လောကရဲ့သဘာဝ သဘာဝရဲ့အလှတရား
စိမ်းလန်းစိုပြေခြင်းတွေနဲ့အတူ
ချစ်ခြင်းမေတ္တာတရားတွေနဲ့
သဘာဝတွေကိုလောကတွေကို လှသထက်ပိုလှပလေရအောင်
တောတွေတောင်တွေ မြစ်တွေချောင်းတွေ
ရေကန်တွေပင်လယ်တွေ သမုဒ္ဒရာကြီးတွေအဆုံး
မိုးကုတ်စက်ဝိုင်းရဲ့အဆုံး
မြင်နိုင်ခြင်းတွေရဲ့အဆုံး တွေးနိုင်ခြင်းတွေရဲ့အဆုံး အဲဒီ အဆုံးအဆုံး
အဆုံးသောနေရာတွေမှာ . …. .…. ဘဝကို အဆုံးသတ်လိုက်ချင်ပါရဲ့ . …… ….
.. .. .. . ၊ ။။။။။
မောင်ရင်ငတေ ၂၇၀၁၃၂၀၁၅
Aucun commentaire:
Publier un commentaire