အနှစ်လေးဆယ်ကြာ ပျောက်ဆုံးနေသော
ဗန်ဂိုးရဲ့ ပန်းချီကား
မောင်ရင်ငတေ ၁၃၀၅၂၀၁၄ (ရှုခင်းသစ် အွန်လိုင်းမဂ္ဂဇင်း)
ဟုတ်မဟုတ် သေချာမသေချာတော့
မသိပါ၊ ဟုတ်တာမဟုတ်တာ အသာလေးထားပါ၊
သတင်းကတော့ မောင်ရင်ငတေတို့
စိတ်ဝင်စားတဲ့ သတင်းပါဘဲ၊
မနေ့က သတင်းတပုဒ်မှာ
ဖတ်လိုက်ရလို့ ပွားလိုက်တာပါ၊
ဟော်လန်
Postimpressionnisme ပန်းချီဆရာကြီး Vincent Van Gogh ဗန်ဂိုး (၁၈၅၃-၁၈၉၀) ရဲ့ နှစ်ပေါင်းများစွာကြာ
(အနှစ်လေးဆယ်ကျော်ကြာ) ပျောက်ဆုံးနေတယ်ဆိုတဲ့ ပန်ချီကား တချပ်ကို စပိန်နိုင်ငံ ဘဏ်တခုမှာ
အပ်နှံထားတဲ့ အခွန်မဆောင်နိုင်တော့တဲ့ သေတ္တာတွေကို ဖွင့်စစ်ဆေးစဉ် စစ်ဆေးရေးအရာရှိများက
ပြန်လည်တွေ့ရှိတယ်လို့ သတင်းများက ဆိုပါတယ်၊
အနှစ်လေးဆယ်ကြာ
ပျောက်ဆုံးနေသော ဗန်ဂိုးရဲ့ ပန်းချီကား
Lost
Vincent Van Gogh Painting Discovered In Safe Deposit Box
တွေ့ရှိရတဲ့ သတင်းတွေထဲက
ပုံအရ ၁၈၈၉ ခုနှစ်မှာ ပြင်သစ်ပြည် တောင်ပိုင်းရှိ Saint- Rémy-de-
Provence မြို့မှာ
ဗန်ဂိုး နေထိုင်နေစဉ်က ရေးဆွဲခဲ့တဲ့ ဆိုက်ပရပ်ပင် ပန်းချီကားများထဲက တကား
ဖြစ်ဖို့များပါတယ်၊
ဒီ Ciprés, cielo y campo ဆိုပြီး စပိန်ဘာသာနဲ့ အမည်ရေးထားတဲ့ ပန်းချီကား တချပ်ဟာ သြစတြီးယားနိုင်ငံ
ဗီယာနာမြို့တော်မှာရှိတဲ့ Kunsthistorisches Art Museum ကနေ လွန်ခဲ့တဲ့ နှစ်လေးဆယ်ခန့်က
ပျောက်ဆုံးသွားခဲ့တာလို့ ဆိုပါတယ်၊
အဲဒီလို ပြန်လည်တွေ့ရှိခဲ့တဲ့
ပန်းချီကားချပ်ကို ဗန်းဂိုး ရေးဆွဲခဲ့တာ ဟုတ်မဟုတ် မှန်မမှန် ဆိုတာကို သက်ဆိုင်ရာ စပိန်တာဝန်ရှိ
ပုဂ္ဂိုလ်ကြီးများက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသလို ပန်းချီကားပုံ
ကိုလည်း သေချာအတိအကျ
မဖော်ပြကြသေးပါဘူး၊ အကယ်၍သာ မှန်ကန်ခဲ့ပါက အဲဒီပန်းချီကား ပေါက်ဈေးကို ခန်မှန်းတွက်ချက်
တန်ဖိုးဖြတ်နေကြသူတွေက ဖြတ်နေကြပါပြီ၊
ဘာမှမဟုတ်တဲ့ ပုံတူကူး
ပန်းချီကားတချပ်က ဗန်ဂိုး ရေးဆွဲခဲ့တဲ့ ပန်းချီကားသာ ဖြစ်သွားခဲ့ရင်တော့ ယူရိုငွေ ရာဂဏန်း
ထောင်ဂဏန်းလောက်သာ တန်ကြေးပေါက်ရာကနေ သန်းသုံးလေးဆယ် အထိ
ဈေးထိုးတက်သွားမှာ
အသေအချာပါဘဲ၊
အဲဒါမျိုးတွေကြောင့်
တကယ်တမ်းကျရင်တော့ ယုံရခက်နေကြတာက မောင်ရင်ငတေတို့လို့ လူမျိုး တွေပါ၊ အထင်ခံရရင်ကိုဘဲ
ဈေးကသောင်းဂဏန်း ဖြစ်သွားနိုင်တာမို့ သတင်းသမားတွေနဲ့ ပင်းကား ပြီး လုပ်စားနေကြတာမျိုးတွေလည်း
ရှိနေတယ်ဆိုတာတွေ ကြားမိဖတ်မိနေရတာပါ၊
ဒီ ပန်းချီကားအမည်ကို
အင်တာနက်သတင်းတွေမှာ အင်္ဂလိပ်လို Cypress, Sky and Country လို့ အများစုက သုံးနှုံးရေးသားကြတာကို
တွေ့ရှိရပြီး တချို့ သတင်းဋ္ဌာန တနေရာ နှစ်နေရာမှာတော့ စပိန်ဘာသာနဲ့ Ciprés, cielo y
campo ပြင်သစ်ဘာသာနဲ့ Cyprès, ciel et sur le terrain ဆိုပြီး ရေးသားကြတာကို တွေ့ရှိရတာကြောင့်
အင်္ဂလိပ်လိုဆိုရင် Cypress sky and field ဆိုပြီးတော့သာ ဘာသာပြန်ကြသူတွေလည်း ရှိနေပါကြောင်း
……… ။ ။။။
မောင်ရင်ငတေ ၁၃၀၅၂၀၁၄
Aucun commentaire:
Publier un commentaire