ဘဝထဲကလူသား မောင်ရင်ငတေ ဈေးဝယ်ထွက်ခြင်း
မောင်ရင်ငတေ ဈေးဝယ်ထွက်ခြင်း (Photo CorailK)
ဒီပုံကို ရုတ်တရက် မြင်တွေ့လိုက်ရတဲ့ သူတချို့ကတော့ အရှေ့ဥရောပဒေသက
ဂျစ်ပစီတယောက်
မိုးစိုရွှဲရွှဲအောက်မှာ ဟိုပစ္စည်းလိုက်ကောက် ဒီပစ္စည်းလိုက်ရှာနေတာလို့
ပြောကြမှာ အသေအချာပါ။
ဘေး အနားမှာ အမှိုက်ပုံး စိမ်းစိမ်း ဝါဝါတွေ ရှိနေလို့ကတော့
သေချာပေါက် ပြောနိုင်မှာပါ၊
ခေါင်းမှာ ဆောင်းထားတဲ့ ခေါင်းဆောင်းကလည်း ပါရီဆောင်းလို
တဖြောက်ဖြောက်နဲ့ ရွာလိုက်
တိတ်လိုက် မိုး မျိုးကို အံတုနိုင်တာမို့ မောင်ရင်ငတေအတွက်တော့
သဘောကျတဲ့ ခေါင်းဆောင်း
ဦးထုပ် တမျိုးပါ။
မောင်ရင်ငတေတို့ဆီက ဘိတ်မြို့သူတယောက် ပြောတာကတော့ သူတို့ဆီမှာတော့
သူတို့စကားနဲ့
**** ** ချီးတော့်တီ ** * ဦးထုပ် အမည်ပေါက်ပါတယ်တဲ့ ခင်ဗျာ။
ဒီကနေ့ ပါရီမောင်ရင်ငတေရဲ့ ဈေးဝယ်ထွက်တဲ့ ဒီဇိုင်းပါ၊ သားကျွေးမှုမယားကျွေးမှုတွေနဲ့
ရှုတ်ထွေး
ပွေလီလွန်းလှပါတဲ့ လောကကြီးမှာ လူလာဖြစ်နေရတော့လည်း ကိုယ်စားချင်တာ စားရဖို့ကို
အဲဒီလို
တပါတ် တကြိမ် နှစ်ကြိမ်ဆိုသလို ဈေးဝယ်ထွက် ရပါတယ်၊ ရောက်ရှိနေတဲ့ နေရာဒေသရဲ့
လူနေမှု
စနစ်ကြီးကိုကလည်း ခိုင်းစရာ လူငှားမရှိ၊ အထမ်းသမား ကူလီမရှိ၊ ဆိုက်ကားလေးငှား
ဟိုနားဒီနား
သွားဖို့ရာ မရှိတဲ့စနစ်နဲ့ နိုင်ငံဒေသ ဆိုတော့ကာ မောင်ရင်ငတေလို အောက်ဆုံးလွှာက
လူသားအဖို့
ဒီလို ကယ်ဒီဆွဲ လှည်းလေးဆွဲ ဈေးဝယ်ထွက်ရတာနဲ့က အသားကျနေပြီလို့ ပြောနိုင်ပါတယ်။
ဒါတောင် အဲဒီပုံက ကယ်ဒီဆွဲပြီး ဈေးဝယ်အသွား ပုံမို့ပါ၊ တခုခု
လုပ်ရတော့မယ်ဆိုရင် အမြဲတမ်းလို
အထနှေးတတ်တဲ့ (ပျော်ပွဲရွှင်ပွဲသွားလာရမှာကိုတော့ အပျင်းမထူတတ်တဲ့)
မောင်ရင်ငတေအတွက်
ဈေးတခါဝယ်ရင် ဒီကယ်ဒီတခု အပြည့်အမောက် ဝယ်တတ်တာမို့ အပြန်ခရီးမှာတော့
လှည်းအိုကြီး
တစီးလို တအီအီမြည်ပြီး ပြန်လာရစမြဲပါ၊ ထမင်းချက်တာဈေးဝယ်တာတွေကိုတော့
ငယ်စဉ်အခါက
တခါဖူးမှ မိဘအိမ်မှာ မလုပ်ခဲ့ရသော်ငြားလည်း ဝါသနာအတော်အသင့်ပါခဲ့လို့လား
ဝဋ်ကြွေးရှိခဲ့တာ
ကြောင့်ရယ်လား မသိပါဘူး အခုတော့ *မချက်ရရင် မနေနိုင်တဲ့ကိုကို* ဖြစ်နေပါပြီ၊
မီးဖိုးချောင်ကိုမှ
မနိုင်တဲ့သူတယောက်က ကမ္ဘာကြီးကို ဘယ်လို ကိုင်လှုပ်နိုင်ပါ့မလဲ နော့။
ဈေးဝယ်တတ်ခြင်းဆိုတဲ့ နည်းပညာရပ်ကလည်း ဟားဗတ်တို့ပဲဘတ်တို့ဆီကနေ
သင်အံယူလာတာ
လောက်နဲ့ မရပါဘူးလို့ မောင်ရင်ငတေ အတတ်ပြောရဲပါတယ်၊ ငွေအနည်းဆုံးနဲ့ ပစ္စည်းများများ
ရရှိ
လာအောင် ဈေးဝယ်နည်းပညာကို တဆင့် ဖြန့်ဖြူးဝေငှလိုသူများ မောင်ရင်ငတေဆီမှာ လာရောက်
သင်တန်းတက်နိုင်ကြောင်းလည်း ဒီနေရာကနေ ကြော်ငြာဝင်လိုက်ပါတယ်။
ဈေးဝယ်ခြင်း အတတ်ပညာတင်လာ့း့ ဒါတင် မဟုတ်ပါဘူး၊
ဈေးမှ ဝယ်တတ်လာရင် ချက်ပြုတ်ခြင်း အတတ်ပညာကလည်း နောက်ဆက်တွဲ
ကပ်ပါလာတာပါ။
(ချ က်ြ ခ င်း ဘိုင် မ ရ င တ) ရဲ့
တူဒေး ရွိုင်ရယ်စတားစ်းးးးးး မီနူးးးးး များးးး
ချက်ပြုတ်တာလာ့း့ လတ်လျားလတ်လျားသာ နေတတ်တဲ့ လူဘောကြော့သမား
မောင်ရင်ငတေ
နဂိုက ဘယ် တတ်ပါ့မလဲ၊ ဒါပေမယ့် ကံတရားကြောင့် ချက်ပြုတ်ကျွေးမွေးမယ့်သူနဲ့
ရေစက်ဆိုတာ
ကြီးက မပါခဲ့လေတော့ ရောက်လေရာအရပ်မှာ ဖြစ်သလို မစားနိုင်ပါတဲ့ မောင်ရင်ငတေ့
အတွက်က
ချက်ပြုတ်ခြင်း အတတ်ပညာနဲ့ ယဉ်ပါးခဲ့ရပြန်တာပေါ့။
အဲဒီတော့ (ချ က်ြ ခ င်း ဘိုင် မ ရ င တ) ရဲ့ တူဒေး
ရွိုင်ရယ်စတားစ်းးးးးး မီနူးးးးး များးးး
*** * Restaurant Chez Moi
** ** La Cuisine Birmane *** *
ဆိုတာက
မရှိမဖြစ် ပေါ်ပေါက်လာခဲ့ရပြန်တာပေါ့ ခင်ဗျား။
(ခ
ျ က်ြ ခ င်း ဘိုင် မ ရ င တ)
မောင်ရင်ငတေ
၂၀၀၂၂၀၁၅
Aucun commentaire:
Publier un commentaire